မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး

မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NUG၊ PDF နှင့် ၎င်းတို့ကိုကူညီနေသည့် EAO အဖွဲ့တချို့ကို ပြတ်သားစွာအရေးယူမည့်အကြောင်း ပြောဆိုပြီးတစ်ရက်အကြာတွင် စစ်အာဏာရှင်တော်လှန်ရေးဆင်နွှဲနေသည့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အား ရက္ခိုင့်တပ်တော် (AA)က ချီးကျူးဂုဏ်ပြုကြောင်း ပြောဆိုလိုက်သည်။

မတ်လ ၂၈ မတ်နေ့က ကျရောက်ခဲ့သည့် PRA-Magway တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA)၏ Nova(နိုဗာ)စစ်ဒေသမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် “စစ်အာဏာရှင်ကို တော်လှန်နေကြသော အဖွဲ့အစည်းများထဲမှ နိုင်ငံရေးရည်တည်ချက်၊ ရည်မှန်းချက်၊ တော်လှန်ရေး ခံယူချက်များ ခိုင်မာပြီး လူထုထောက်ခံမှုကို ရရှိထားသည့် PRA အဖွဲ့၏ နှစ်နှစ်တာကာလအတွင်း လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည် ဦးဆောင်ချက်များကို ချီးကျူးဂုဏ်ပြုသည်”ဟု ဖော်ပြထားသည်။

ယင်းအပြင် PRA ကို ဦးဆောင်သူများအနေဖြင့် နွေဦးတော်လှန်ရေးအတွက် ဆက်လက်  အထောက်အကူပြုသော အဖွဲ့အစည်းဖြစ်စေရန် AA က မျှော်လင့်ကြောင်း သဝဏ်လွှာကဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

PRA-Magway တော်လှန်ရေးအဖွဲ့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ်လ ၂၈ ရက်နေ့တွင် မကွေးမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် မကွေးဒေသတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် အဖွဲ့လည်းဖြစ်သည်။

ယမန်နေ့က  PRA-Magway ဌာနချုပ်တွင်ကျင်းပခဲ့သည့် အခမ်းအနားသို့ NUG၊ AA၊ BPLA အပါအဝင် ဒေသတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

မကွေးတိုင်းသည် ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး PRA-Magway မှာ AA နှင့် ကောင်းမွန်သော ဆက်ဆံရေးအပြင် AA က စစ်ရေးအကူအညီများပေးခဲ့သည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

အမ်းမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က “PRA ကို ကူညီပေးလိုက်တဲ့သဘောကို ‌ပြသနေတာ။ AA က စစ်ရေးကိစ္စတွေ ကူညီပေးလိုက်တဲ့အခါမှာ နွေဦးတော်လှန်ရေးက တပ်ဖွဲ့အချို့တွေ AA ရဲ့ နည်းဗျူဟာတွေနဲ့ တတ်မြောက်လာတဲ့အတွက် AA က သူတို့နဲ့ အဆင်ပြေတဲ့ဆက်ဆံရေးရှိတယ်လို့ ပြသနေတာ”ဟု ရှုမြင်သည်။

အခြားသော အာဏာရှင်ဆန့်ကျင်ရေးဆင်နွှဲနေသော တော်လှန်ရေးအင်အားစုများကလည်း နွေဦးတော်လှန်ရေးအတွက် အကူညီပေးမှုများနှင့်စပ်လျဉ်း၍ ULA/AA ထံသို့ သဝဏ်လွှာပေးပို့ခြင်းများကို မကြာခဏတွေ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးရန်ကြိုးစားနေသည့် နိုင်ငံရေးသမားများကိုလည်း AA ဒေသမှာ ခိုလှုံခွင့်ပေးထားမှုများရှိနေကြောင်း သိရသည်။

#E002 #DMG

ဓာတ်ပုံ - PRA-Magway

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...