NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“NUG အကြမ်းဖက် အဖွဲ့အစည်းများ၏ ပြည်သူများအပေါ် ဖျက်ဆီး သတ်ဖြတ်မှု လုပ်ရပ်များသည် အုပ်ချုပ်သူ အစိုးရအား ထိခိုက်‌စေခြင်းထက် နိုင်ငံတော် ရဲ့ အမျိုးသား အကျိုးစီးပွား ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည့်အတွက် NUG အကြမ်းဖက်သမားများအပြင် အားပေးကူညီထောက်ပံ့သည့် EAOs များကိုပါ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်” ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင် NUG ၊ PDF များအား ကူညီပံ့ပိုးပေးနေသည့် EAO တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း၌ ထည့်သွင်းပြောခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်နိုင်အောင် တံခါးဖွင့်ပေးထားသည့်အပြင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ခိုင်မာစွာ လျှောက်လှမ်းနိုင်ဖို့ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်း နှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ပြောဆိုထားသည်။

အရေးပေါ် ကာလ ပြီးတဲ့ အချိန် ရွေးကောက်ပွဲလုပ်နိုင်သည့် အနိုင်ရ ပါတီကို အာဏာလွှဲ ပေးမည် ဖြစ်ကြောင်းလည်း ထပ်မံ ပြောဆိုသွားသည်။

ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်နေပြီး ‌တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီတချို့ နှင့် ရုရှားအပါအဝင် အချို့ စစ်သံရုံး မှ စစ်သံမှူး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...