ခလရ (၁၀၂)တပ်ထဲ ဆင်းသက်ဖို့လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ပြန်လည်ထွက်ခွာသွား

ခလရ (၁၀၂)တပ်ထဲ ဆင်းသက်ဖို့လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ပြန်လည်ထွက်ခွာသွား

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ထဲကို ဆင်းသက်ဖို့ လုပ်နေတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ပစ်ခတ်ခဲ့လို့ မဆင်းသက်နိုင်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေ့လည် ၁ နာရီအချိန်မှာ ရဟတ်ယာဉ်တစ်စီးပျံဝဲခဲ့ပြီး မိနစ် ၂၀ ကျော်ကြာအောင် ၁၀၂ တပ်ရဲ့ ပတ်ပတ်လည်မှာ ပျံဝဲနေခဲ့တာ ဖြစ်ပါတယ်။

“ပထမတစ်ခေါက်လာဆင်းဖို့လုပ်တယ်။ ပစ်ခံရတော့ ပြန်တက်သွားတယ်။ပြီးတော့ ပြန်လာတယ်။ ၃ ခါတိတိ ပဲ။ နောက်ဆုံးမရတော့ သူပြန်လှည့်သွားတယ်။အပေါ်ကနေလည်း ပြန်ပစ်ချတဲ့ အသံလည်းကြားတယ်”လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ရဟတ်ယာဉ်တစ်စီး ပြန်လည်ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာ ခလရ ၁၀၂ တပ်မှ လက်နက်ကြီး ၆ လုံးခန့် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်းထောက်လေယာဥ် တစ်စီးလည်း ထပ်မံ ပျံဝဲနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...