မြန်မာ – တရုတ် နယ်စပ်ဂိတ်မှ ဂျယ်ဂေါင်ဂိတ်မှာ အဝင်အထွက်များပြားနေ

မြန်မာ – တရုတ် နယ်စပ်ဂိတ်မှ ဂျယ်ဂေါင်ဂိတ်မှာ အဝင်အထွက်များပြားနေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ်မှ ဂျယ်ဂေါင်ဂိတ်တွင် နေ့စဥ် အဝင်အထွက် များပြား နေကြောင်း သိရသည်။

ဂိတ်ပြန်လည် ဖွင့်လှစ်ခဲ့သည့် အချိန်မှ စပြီး ယနေ့ထိတွင် မြန်မာ – တရုတ် နယ်စပ် ဂျယ်ဂါင်ဂိတ်မှ နေ့စဥ် အဝင် အထွက်များသည် တစ်ထောင်နီးပါး ရှိနေပြီး အများစုသည် လူငယ်များသာ ဖြစ်ကြကြောင်း သိရသည်။

“နေ့စဥ် အဝင်အထွက်က ရာဂဏန်းကျော်ပြီး ထောင်ဂဏန်း နီးနီးလောက် ရှိကြတယ်၊ အများစုက လူငယ်တွေပေါ့၊ တချို့က တရုတ်ဘက် အလုပ်သွားလုပ်ဖို့ ၊ တချို့ကလည်း လည်ဖို့ ဆိုပြီးတော့ ဝင်နေကြတာ၊ တန်းစီပြီးမှ ဝင်ရတယ်၊ တချို့ကလည်း စောင့်ရတာတွေ ရှိတယ်” ဟု မူဆယ်မြို့နေ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂျယ်ဂေါင်ဂိတ်မှ အဝင်အထွက် ပြုလုပ်သူများသည် ဂိတ်ပေါက်ဝတွင် တန်းစီ စောင့်ဆိုင်းရပြီး၊ တချို့က ၂ – ၃ ရက် စောင့်ရသူများလည်း ရှိကြောင်း သိရသည်။

မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ် ဖြတ်နိုင်ဖို့အတွက် မူဆယ်ဒေသခံများကို နိုင်ငံကူး လက်မှတ် စာအုပ် အနီလုပ်ဆောင်ပေးနေပြီး ကုန်ကျငွေ အဖြစ် ကျပ် ၁ သောင်းခွဲ ဝန်းကျင် ရှိနေကြောင်းလည်း သိရသည်။

“ပထမဆုံး အနေနဲ့ ၁၃/ ကိုင်တဲ့ မူဆယ် နမ့်ခမ်းက ပြည်သူတွေကို စာအုပ်အနီ လုပ်ပေးနေတယ်၊ ကားသမားတွေ ကုန်တင်ကုန်ပို့ လုပ်ရမယ့် ဒီဘက်က လူတွေကို ဉီးစားပေး လုပ်ပေးနေတယ်လို့ သိရတယ်၊ ပြီးတော့ စာအုပ်ဖိုးအတွက် ကုန်ကျငွေ ၁၅,၀၀၀ (ကျပ်တစ်သောင်းခွဲ) ပေးရတယ်” ဟု မူဆယ်မြို့နေ အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ နိုင်ငံကူးလက်မှတ် စာအုပ်အနီကို ယခင် ကိုဗစ် မဖြစ်ခင် နယ်စပ်ဂိတ် မပိတ်ခင် အချိန်တွင် တစ်အုပ်ကို ၅၀၀ ကျပ်သာ ပေးရသော်လည်း လက်ရှိတွင် ၁၅၀၀၀ (တစ်သောင်းခွဲကျပ်) ဖြစ်လာကြောင်း သိရသည်။

အဆိုပါ နိုင်ငံကူး လက်မှတ် စာအုပ်အနီသည် သက်တမ်း ၁ နှစ်ရှိပြီး သက်တမ်းအားဖြင့် ၁ နှစ်အထိ အသုံးပြုနိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လာပြီးနောက် လက်ရှိအချိန်တွင် ကုန်သွယ်ရေး နှင့် ဆက်သွယ်ရေး လမ်းကြောင်း အခြေအနေများလည်း ပြန်လည်လည်ပတ်လာပြီး ဖရဲသီး ၊ သရက်သီး နှင့် သခွားသီးတို့လို ခြံထွက် သီးနှံများလည်း ဈေးကွက်အတွင်း ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...