ရခိုင်ပြည်တွင်နေထိုင်သည့် လူမျိုးစု ၉ ခု၏ မိခင်ဘာသာစကား ဖလှယ်ပွဲကို စစ်တွေမြို့တွင်ပြုလုပ်

ရခိုင်ပြည်တွင်နေထိုင်သည့် လူမျိုးစု ၉ ခု၏ မိခင်ဘာသာစကား ဖလှယ်ပွဲကို စစ်တွေမြို့တွင်ပြုလုပ်

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်အဖြစ် “အာရက္ခပြည်ရှိ လူမျိုးစု မိခင်ဘာသာစကား ဖလှယ်ပွဲ”ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်အတွင်းနေထိုင်သည့် လူမျိုးစု ၉ စု၏ ဘာသာစကားကို ဖော်ထုတ်သည့်အနေဖြင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသားများဦးဆောင်ကာ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့က နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်ဖြစ်တယ်။ ပြီးလို့ရှိရင် ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ အာရက္ခပြည်မှာနေထိုင်တဲ့ လူမျိုး ၉ စုရဲ့ အဓိက ဘာသာစကားကို ဒီပွဲမှာ ဖော်ထုတ်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်။ နောင်တစ်ချိန်မှာလည်း လူမျိုးစုတွေမှာ ဒီလိုရိုးရာတွေရှိတယ်။ ဒီလို အလေ့အထားတွေ ရှိတယ်ဆိုတာကို သိရှိဖို့အတွက်လုပ်ရတာပါ”ဟု ကမန်လူငယ်ကိုယ်စားပြု တက်ရောက်ခဲ့သည့် မဆောင်းနှင်းဝေကပြောသည်။

ယနေ့ပြုလုပ်သည့် ဘာသာစကားဖလှယ်ပွဲကို ရခိုင်ပြည်အတွင်း နေထိုင်ကြသည့် ရခိုင်၊ ခမီ၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူ၊ ကမန်နှင့် မွတ်ဆလင် စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် လူမျိုးများအနေဖြင့် အမုန်းတရားမရှိဘဲ ချစ်ချစ်ခင်ခင်နေကြရန် နောင်လာမည့် မျိုးဆက်သစ်များကို တိုက်တွန်းလိုကြောင်း ယင်းပွဲသို့တက်ရောက်ခဲ့သည့် တက္ကသိုလ်ကျောင်းသား မွတ်ဆလင်လူမျိုး ကိုဇော်မင်းထွန်းကပြောသည်။

“ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေအနေနဲ့ အားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြစ်အောင် နေစေဖို့အတွက် တိုက်တွန်းလိုပါတယ်။ ဒီလိုနေထိုင်နိုင်ဖို့အတွက်လည်း လူငယ်တွေအပေါ်မှာ အများကြီးမူတည်တယ်။ အဲဒါကြောင့် ရခိုင်ပြည်မှာ နေထိုင်သူတွေအချင်းချင်း သဟဇာတဖြစ်စေမယ့် စကားတွေကို လူငယ်တွေက အများကြီးလုပ်သင့်တယ်လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ၎င်းကဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲကို စတင်သန္ဓေတည်ခဲ့ရာ မိခင်ဘာသာစကားကို ရုံးသုံးဘာသာ စကားအဖြစ် အသုံးပြုခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို ကုလသမဂ္ဂလက်အောက်ခံ UNESCO မှ မိခင်ဘာသာစကားနေ့အဖြစ် ၁၉၉၉ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

Most read this week

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...