ကျောက်တော်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ညာဘက်ခြေ ဆုံးရှုံးလိုက်ရ

ကျောက်တော်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ညာဘက်ခြေ ဆုံးရှုံးလိုက်ရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာမှ အမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ  ဦးဇော်မိုးလွင် (ခ) မောင်ချော (၄၂ နှစ်)မှာ ကျေးရွာနှင့် ၁၅ မိနစ်ခန့်ဝေးသည့် တောင်ပေါ်သို့ အဖော်တစ်ဦးနှင့်အတူ ထင်းခုတ်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု တူဖြစ်သူ ကိုမြင့်ဇော်က ပြောသည်။

“မိုင်းပေါက်ကွဲတဲ့အသံကြားရပြီး သိပ်မကြာဘူး သူနဲ့အတူပါသွားတဲ့အဖော်က ‘ခြေတစ်ဖက် ပြတ်ထွက်သွားပြီ’ ဆိုပြီး လာပြောတယ်။ ဒဏ်ရာကတော့ ညာဘက်လက်မှာ မိုင်းထိထားတာကိုလည်း တွေ့ရတယ်။ အခုဆေးထိုးပြီးတော့ သွေးသွင်းထားရတယ်”ဟု ကိုမြင့်ဇော်က ပြောသည်။

ဦးဇော်မိုးလွင်မှာ ညာဘက်ခြေ ဒူးဆစ်အောက်အထိ ပြတ်ထွက်သွားပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသဖြင့် လက်ရှိတွင် ကျောက်တော်ဆေးရုံမှတစ်ဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်လာနေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

“လူနာကို ကျနော်တို့သွားခေါ်ခဲ့ပါတယ်။ အခုစစ်တွေကို သွားနေပါတယ်။ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့တော့ ဘာမှပြောဆိုလို့မရသေးဘူး”ဟု ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသောစာရင်းအရ သိရသည်။

သေဆုံးသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့ နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦး မြောက်ဦးမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦးနှင့် ကျောက်တော်မြို့နယ်က ၁ ဉီးတို့ဖြစ်သည်။

ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...