အင်းဝ ဆင်ကျုံးကျေးရွာအနီးတွင် စစ်သင်္ဘောတစ်စီး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ

အင်းဝ ဆင်ကျုံးကျေးရွာအနီးတွင် စစ်သင်္ဘောတစ်စီး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ

အင်းဝမြို့ဟောင်း ဆင်ကျုံးကျေးရွာအနီးတွင် ကမ်းကပ်ထားသော စစ်ကောင်စီ၏ စစ်သင်္ဘော တစ်စီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရ သည်။

“မြစ်ကမ်းဘေးကပ်ထားတဲ့စစ်သင်္ဘောကို PDF တွေက လေပေါ်ကနေဗုံးကြဲတာဆိုပြီး သတင်းတွေထွက် နေတာ။ လောလောဆယ် အဲဒီရွာဘက် အဝင်အထွက်တအားစစ်ဆေးနေလို့ သတင်းကောင်းကောင်း မရ သေးဘူး” ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Truth Keeping Force-Amarapura (T.K.F-AMA)၊ ငါးထောင့်ကြယ်(The Pentagram)နှင့် ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း T.K.F-AMA က သတင်းထုတ်ပြန်သည်။

“ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝ ဆင်ကျုံးရွာအနီးရှိ ကမ်းကပ်လျက်ရှိသောအကောက်ခွန်ကောက်ခံသည့်ခွေးသင်္ဘောကို ထန်းသီးတစ်လုံး ခြွေချပေးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်ကအထိအခိုက်ရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း အ တည်ပြုနိုင်ခြင်းမရှိသေးပေ။

T.K.F-AMA (Truth Keeping Force-Amarapura) အဖွဲ့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက လည်း တော်လှန်ရေးမဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏တံတားဦးလေဆိပ်ကို ၉၀ မမ လက်နက် ကြီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စစ်အုပ်စုဘက်ကမူ တံတားဦးလေဆိပ် တိုက်ခိုက်ခံရမှုမရှိကြောင်း ငြင်းဆိုထားသော်လည်း လေဆိပ်အနီး ဝန်းကျင်ကျေးရွာများအား ရေကြောင်းကုန်းကြောင်းအသုံးပြု၍ ပိုက်စိပ်တိုက်ရှာဖွေမှုပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...