တီးတိန်၌ စစ်အုပ်စုတပ်နှင့် တိုက်ပွဲဖြစ်ပြီး တီးတိန်-ရိဒ်လမ်း ပိတ်ထား

တီးတိန်၌ စစ်အုပ်စုတပ်နှင့် တိုက်ပွဲဖြစ်ပြီး တီးတိန်-ရိဒ်လမ်း ပိတ်ထား

ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-ဇိုလန်း (PDF-Zoland) ထံမှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်သုံ့ပန်းများကို ကူညီ ရန် တီးတိန်မြို့မှ လမ်းဇန်ရွာသို့ ရောက်ရှိနေသည့် အင်အား ၁၀၀ ခန့်ရှိ စစ်အုပ်စုတပ်ဖွဲ့သည် ဆက်လက် ထွက် ခွာလာစဉ် လိုင်တွီးနှင့် မာန်ဆောင်တံတားအကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ချင်းစစ်ရေးသတင်းရင်းမြစ်က “မနေ့က နေ့လယ်ပိုင်းကတည်းက ပစ်ကြတာ။ ခဏငြိမ်လိုက် ပြန်ပစ်လိုက်နဲ့ မမှောင်ခင်အထိဘဲ။ ငါးနာရီလောက် တော့ကြာမယ်။ အထိအခိုက်တွေကတော့ မသိရသေးဘူး” ဟု ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းအထိ စစ်အုပ်စုတပ်၏ လှုပ်ရှားမှု မရှိသေးသဖြင့် ပစ်ခတ်မှု ပြန်လည် မဖြစ်ပွားသေးသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကာ အချိန်မရွေး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။ အဆိုပါ တိုက်ပွဲတွင် PDF-Zoland နှင့်အတူ ချင်းမဟာမိတ်တပ်ဖွဲ့အချို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

စစ်ရေးတင်းမာနေသည့် တီးတိန်မြို့နယ်အတွင်းရှိ မာန်ဆောင်တံတားသည် မဏိပူရမြစ်ကို ဖြတ်သန်းတည် ဆောက်ထားပြီး ဖလမ်းမြို့နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါ်ဒါရ်မြို့နှင့် ၂၅ မိုင်ခန့် အကွာ တွင် တည်ရှိကာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် တံတားတစ်စင်း ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသည့် စစ်သုံ့ပန်းများနှင့် ပတ်သက်၍ ဖြစ်ပျက်မှုနှင့်အညီ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နေကြောင်း PDF-Zoland က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

PDF-Zoland ၏ ထုတ်ပြန်ချက်အရ ပြည်သူများလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကို ဂျီနီဗာကွန်ဗင်းရှင်းနှင့် လူသားစာနာမှုဆိုင်ရာ စည်းမျဉ်းများအတိုင်း ကာ ကွယ်စောင့်ရှောက်ထားခဲ့သော်လည်း ၎င်းတို့အထဲမှ လူ ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် လက်နက်အချို့နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်နေသူများထံတွင် လက်နက်များ ပါရှိနေသဖြင့် တီးတိန်၊ ကပ်တဲလ်၊ လိုင်လွီနှင့် မေတေး ချောင်း အနီးဝန်းကျင်ဒေသများသို့ ခရီးသွားလာခြင်း မပြုကြရန်နှင့် မသင်္ကာဖွယ် လူပုဂ္ဂိုလ်များ တွေ့ရှိပါက သတင်းပေးပို့ကြရန် PDF-Zoland က သတိပေးနှိုးဆော်ထားသည်။

အလားတူ ရိဒ်ခေါ်ဒါရ်မြို့နယ် အပါအဝင် ဟွားငိုလ်းရမ်းဒေသကို ထိန်းချုပ်ထားသည့် ဟွားငိုလ်းရမ်းချင်း ကာကွယ်ရေးတပ်ဖွဲ့ (CDF-Hualngoram) ကလည်း တီးတိန်-ရိဒ်လမ်းကို ခေတ္တပိတ်ထားကြောင်း စက်တင်ဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“ထွက်ပြေးနေတဲ့ စစ်သုံ့ပန်းတွေက လက်နက်တွေယူဆောင်သွားတယ်လို့ကြားသိရတယ်၊ သူတို့ကို ရှာဖွေ ခေါ် ဆောင်ဘို့ တီးတိန်မြို့ကနေ ကျနော်တို့ နယ်မြေထဲ စစ်ကြောင်းထိုးသွားလာတာတွေရှိတယ်၊ ဒါကြောင့် အများ ပြည်သူလုံခြုံရေးအတွက် ကျနော်တို့က လမ်းကို ပိတ်ထားတဲ့သဘောပါ” ဟု CDF ဟွားငိုလ်းရမ်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အများပြည်သူအနေဖြင့် စစ်အုပ်စုတပ်စစ်ကြောင်းနှင့် တွေ့ဆုံပြီး အခက်အခဲများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် လမ်းပိတ်ထားခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက ချက်ချင်း ပြန်လည်ဖွင့်လှစ်ပေး သွားမည်ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသည့် စစ်သုံ့ပန်းများသည် တီးတိန်မြို့နယ်၊ ကနေဒီတောင်တိုက်ပွဲနှင့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ ဖမ်းဆီးရမိထားသူများ ဖြစ်ကြသည်။ အဆိုပါ စစ်သုံ့ပန်းများထဲတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်များ ပါဝင်ပြီး အချို့မှာ တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၆၉) သို့ ပြန်လည် ရောက်ရှိသွားကြကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...