ပုလဲမြို့နယ်၌ စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး

ပုလဲမြို့နယ်၌ စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် အမျိုးသမီး ၂ ဦး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) မှ ထွက်ခွာလာ သည့် ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့် ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “အမျိုးသမီး တစ်ဦးကတော့ အိမ်ခေါင်မိုးပေါ် ရောက်သွားတယ်။ တစ်ဦးကတော့ ဝန်း နံရံပေါ် လွင့်သွားတယ်။ အမျိုးသားရဲ့ ရုပ်အလောင်းကတော့ တစစီလိုက် ကောက်ယူရတယ်“ ဟု ပြော သည်။

သေဆုံးသူများမှာ မိခင်၊ သားနှင့် ချွေးမဖြစ်သူတို့ဖြစ်ပြီး အဆိုပါ ဗုံးကြဲမှုအတွင်း အခြား ဒေသခံ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကွယ်လွန်သူများကို စက်တင်ဘာ ၁၅ ရက်နေ့၊ ညနေပိုင်းတွင် မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဗုံး ၂ ကြိမ် ကြဲချခဲ့သည့်အနက် ၁ ကြိမ်တွင် ထိုသို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်ပြီး ကျန် ၁ ကြိမ်တွင်မူ လူထိခိုက်မှု မရှိကြောင်း အညာမြေပုလဲ အဖွဲ့က ၎င်း၏ လူမှုကွန်ရက်၌ ဖော်ပြထားသည်။

တိုက်ခိုက်ခံရသည့် ကံပေါက် (ရှေ့) ရွာသည် ပုလဲမြို့မှ ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲခံရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံး အပါအဝင် မင်းတိုင်ပင်၊ အင်မထီးနှင့် ဇီးဖြူကုန်း ကျေးရွာတို့တွင် တပ်စွဲထားသဖြင့် ဒေသခံ ၃,၀၀၀ ခန့် ရက်ရှည် စစ်ဘေးရှောင်နေရကြောင်း မြေပြင်ရှိ ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...