အင်းဝ ဆင်ကျုံးကျေးရွာအနီးတွင် စစ်သင်္ဘောတစ်စီး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ

အင်းဝ ဆင်ကျုံးကျေးရွာအနီးတွင် စစ်သင်္ဘောတစ်စီး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ

အင်းဝမြို့ဟောင်း ဆင်ကျုံးကျေးရွာအနီးတွင် ကမ်းကပ်ထားသော စစ်ကောင်စီ၏ စစ်သင်္ဘော တစ်စီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရ သည်။

“မြစ်ကမ်းဘေးကပ်ထားတဲ့စစ်သင်္ဘောကို PDF တွေက လေပေါ်ကနေဗုံးကြဲတာဆိုပြီး သတင်းတွေထွက် နေတာ။ လောလောဆယ် အဲဒီရွာဘက် အဝင်အထွက်တအားစစ်ဆေးနေလို့ သတင်းကောင်းကောင်း မရ သေးဘူး” ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Truth Keeping Force-Amarapura (T.K.F-AMA)၊ ငါးထောင့်ကြယ်(The Pentagram)နှင့် ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း T.K.F-AMA က သတင်းထုတ်ပြန်သည်။

“ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝ ဆင်ကျုံးရွာအနီးရှိ ကမ်းကပ်လျက်ရှိသောအကောက်ခွန်ကောက်ခံသည့်ခွေးသင်္ဘောကို ထန်းသီးတစ်လုံး ခြွေချပေးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်ကအထိအခိုက်ရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း အ တည်ပြုနိုင်ခြင်းမရှိသေးပေ။

T.K.F-AMA (Truth Keeping Force-Amarapura) အဖွဲ့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက လည်း တော်လှန်ရေးမဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏တံတားဦးလေဆိပ်ကို ၉၀ မမ လက်နက် ကြီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စစ်အုပ်စုဘက်ကမူ တံတားဦးလေဆိပ် တိုက်ခိုက်ခံရမှုမရှိကြောင်း ငြင်းဆိုထားသော်လည်း လေဆိပ်အနီး ဝန်းကျင်ကျေးရွာများအား ရေကြောင်းကုန်းကြောင်းအသုံးပြု၍ ပိုက်စိပ်တိုက်ရှာဖွေမှုပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...