ဆားလင်းကြီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

ဆားလင်းကြီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲနယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံးမှုရှိခဲ့သည်ဟု တော်လှန်ရေးအင်အားဖြစ်သည့် ဒေသပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျဆုံးခဲ့တဲ့ ၇ ယောက်ထဲက ၂ ယောက်ကတော့ လည်ပင်းကို ဓားနဲ့ထိုးခံရတာဟုတ်တယ်။  ၅ ယောက်ကတော့ ကျည်မှန်ပြီး လဲကျသွားတယ်။ အဲ့နေရာမှာတင် မသေသေးဘူး သူတို့ နှိပ်စက်ညှင်းပန်းပြီးမှ သေသွားကြတာ ပြီးရင်မီးရှို့ခံလိုက်ရတယ်”ဟုပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အသက် ၃၀ နှစ်အရွယ်ရှိသူများဖြစ်ကြပြီး ပုလဲမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကျန် ၆ ဦးမှာ ပုလဲအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ မှ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ကြသည်။

အဆိုပါ ကျဆုံးသွားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးအနက် မီးရှို့သတ်ဖြတ်ခံခဲ့ရသော ရဲဘော် ၅ ဦးကို မီးရှို့သဂြိုလ်ပေးခဲ့ပြီး ကျန် ၂ ဦးကို မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် ဆားလင်းကြီးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး ပုလဲမြို့နယ်အစပ်တွင်ရှိသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...