ကျောက်တော်၊ သရက်အုပ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ၁,၉၀၀ကျော် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရ

ကျောက်တော်၊ သရက်အုပ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ၁,၉၀၀ကျော် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရ
သရက်အုပ်စစ်ရှောင်စခန်းအတွင်း စစ်ဘေးရှောင်များအား တွေ့ရစဉ်။/ ဓာတ်ပုံ - DMG
သရက်အုပ်စစ်ရှောင်စခန်းအတွင်း စစ်ဘေးရှောင်များအား တွေ့ရစဉ်။/ ဓာတ်ပုံ - DMG

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များသည် သောက်သုံးရေ ရှားပါးမှုအပြင် အိမ်သာအခက်အခဲရှိမှုတို့နှင့် ကြုံတွေ့နေရကြောင်း သိရသည်။ သရက်အုပ် စစ်ဘေးရှောင်စခန်း၌ အိမ်ထောင်စု ၃၇၀ ၊ လူဦးရေ ၁,၉၅၄ ဦး ခိုလှုံနေထိုင်လျက်ရှိသည်။

သရက်အုပ်ကျေးရွာတွင် ယခင်က စစ်ဘေးရှောင်စခန်း မရှိခဲ့ပေ။ တကျော့ပြန်တိုက်ပွဲအတွင်း ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလာကြသည့် စစ်ဘေးရှောင်ဦးရေ များပြားလာမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းကာ သရက်အုပ်ကျေးရွာအနီး စားကျက်မြေ၌ UNHCR အကူအညီဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ယင်းစစ်ဘေးရှောင်စခန်းကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်အုပ်စစ်ဘေးရှောင်စခန်းအတွင်း ခိုလှုံနေထိုင်နေကြသည့် စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နယ် နမဒါ၊ ကြက်ဥဝ၊ အဘောင်သား၊ စိမ်းညှင်းဝ၊ ပလုတ်တောင်၊ ပျဉ်းဝကျေးရွာ၊ ကျောက်တော်မြို့နယ် မီးဝ၊ ရုပ်သား၊ နဂါရာ၊ ပီဝ၊ မိုရွာ၊ မြင်းကပ်၊ ပီချောင်းဝ၊ မျောက်တောင်၊ ပြိုင်းတိုင်၊ တင်းမကျေးရွာတို့မှ ဒေသခံများဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းအတွင်း အသုံးပြုနေကြသော ရေကန်များတွင် ရေများခမ်းခြောက်လာ၍ ချောင်းရေကိုသာ သုံးစွဲနေကြရပြီး နွေရာသီရောက်လျှင် သောက်သုံးရေ ပိုမိုအခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းခင်က ပြောသည်။

“ရေကန်နဲ့ လူဦးရေနဲ့မမျှတဘူး။ အရင်က အဲနေရာက စားကျက်မြေဆိုတော့ ရေကန်အငယ်လေးတွေပဲ ရှိတယ်။ စစ်ဘေးရှောင်တွေ ရောက်လာတဲ့အခါ ရေတွေကိုသုံးလိုက်တော့ ရေထဲရွံ့တွေက နှောက်ကျိသွားတယ်။ ရွာနဲ့ ၄ ဖာလုံလောက်ဝေးတဲ့နေရာမှာ ကန်တစ်ကန်ရှိတယ်။ အဲဒီကန်ကို အသုံးပြုနေကြတယ်။ အဲဒီကန်ကလည်း ရေနည်းနေပြီ။ တချို့တွေက ချောင်းရေကို အသုံးပြုကြတာတော့ရှိတယ်။ ဒါပေမဲ့ ရေက နှောက်ကျိတယ်”ဟု ၎င်းကပြောသည်။

သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ကလေးနှင့် လူကြီးတစ်ချို့မှာ ၀မ်းရောဂါဖြစ်ပွားမှုများ ရှိနေသည့်အပြင် ဖျားနာ၊ ချောင်းဆိုးရောဂါများလည်း ဖြစ်ပွားနေကြောင်း သိရသည်။ သောက်သုံးရေ အခက်အခဲများအပြင် စစ်ဘေးရှောင်စခန်းအတွင်း အိမ်သာမရှိသည့်အတွက်လည်း များစွာအခက်အခဲဖြစ်နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

“အိမ်သာမရှိတဲ့အတွက် သိပ်အခက်အခဲ ဖြစ်ပါတယ်။ လောလောဆယ်မှာ တာလပတ်ကို အကာအကွယ်လုပ်ပြီး အသုံးပြုနေရတယ်။ စခန်းမှာဖြစ်နေတော့ ယောက်ျားတွေအိမ်သာတက်နေရင် မိန်းမတွေ ပြန်လှည့်ရတယ်။ အိမ်သာက မရှိဘူးလေ။ ကွင်းပြင်မှာ တာလပတ်စ အကာအကွယ်ယူပြီး တက်နေရတော့ မိန်းမတစ်ယောက်အနေနဲ့ စိုးရိမ်မှုတွေရှိတယ်”ဟု နဂါရာကျေးရွာမှ စစ်ဘေးလာရှောင်သည့် ဒေါ်စိုးမြင့်ခိုင်က ပြောသည်။

ယင်းအခက်အခဲများအပြင် စစ်ဘေးရှောင်စခန်းအတွင်း နေအိမ်များ ဆောက်လုပ်ရန် ကျန်ရှိနေသောကြောင့် သစ်ဝါးများအပြင် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေကာ လာရောက်ကူညီထောက်ပံ့သူများ မရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲများ ကြုံနေရကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...