ရခိုင်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ၆၆ ရာခိုင်နှုန်းကျော် ပြီးစီး

ရခိုင်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ၆၆ ရာခိုင်နှုန်းကျော် ပြီးစီး

ရခိုင်ပြည်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများတွင် သုံးကြိမ်မြောက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ၆၆.၈၂ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ တစ်ပြည်လုံး အခြေခံပညာ စာသင်ကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၀၁,၂၈၉ ဦးအား သုံးကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးသွားခြင်းဖြစ်သည်။

တချို့ကျောင်းများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံခေါင်ပါးသည့်နေရာမှ ဖြစ်နေသည့်အတွက် ကိုဗစ်ကာကွယ်ဆေး မထိုးရသေး၍ ရာနှုန်းပြည့် မထိုးနှံနိုင်သေးခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများက ပြောဆိုထားသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးအား သက်ဆိုင်ရာမြို့နယ်အလိုက် စာသင်ကျောင်းများတွင် ကျောင်းသူ/သားများကို အခမဲ့ ထိုးနှံပေးနေခြင်းဖြစ်ပြီး စစ်တွေမြို့တွင်ဆိုလျှင် တရားသိစု ရပ်ကွက်ဓမ္မာရုံနှင့် စစ်တွေဆေးရုံကြီးတို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ထိုးနှံပေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က “ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တိုင်း ဆရာတို့က ဆေးရုံကြီးနဲ့ တရားသိစု ဓမ္မာရုံတို့မှာ ထိုးပေးတယ်။ ကလေးတွေ၊ မူလတန်း ကျောင်းသားလေးတွေကို ကာကွယ်ဆေး သုံးကြိမ်ထိုးနှံနေတာ”ဟု ပြောသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း ကိုဗစ်ကူးစက်မှု မရှိသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ရောဂါကာကွယ်ဆေး (Booster) အား အကြိမ်ပြည့် ထိုးနှံထားသင့်ကြောင်းလည်း ဒေါက်တာကြည်လွင်က တိုက်တွန်းသည်။

“ကိုဗစ်က အရင်ကလောက် မပြင်းထန်တော့ဘူး။ မရှိတော့ဘူး။ ကာကွယ်ဆေးလွှမ်းခြုံမှု တော်တော်ကောင်းနေပြီ။ နောက်တစ်ခုက ကူးစက်မှုကလည်း မရှိတော့ဘူး။ ခံနိုင်ရည်လည်းရှိတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားနိုင်ရင်တော့ ကောင်းတာပေါ့။ ကာကွယ်ဆေးကို ဆရာတို့က အခမဲ့ ထိုးပေးတာပါ”ဟု ဒေါက်တာကြည်လွင်က ပြောသည်။

ကိုဗစ်ကာကွယ်ဆေးများကို အသက် ၅ နှစ် နှင့်အထက် ပြည်သူများအနေဖြင့် အကြိမ်ပြည့် ထိုးထားသင့်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အကြံပြုပြောဆိုကြသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...