လက်နက်ကိုင်တပ်များ စစ်ဖက်ဆိုင်ရာကျင့်ဝတ်လိုက်နာရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

လက်နက်ကိုင်တပ်များ စစ်ဖက်ဆိုင်ရာကျင့်ဝတ်လိုက်နာရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာရန်နှင့်အများ ပြည်သူများနေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များတွင် ရှောင်ရှားပြီး လှုပ်ရှားတိုက်ပွဲဖော်ကြရန် ယမန်နေ့ ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်က ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းအဖွဲ့နှင့် စစ်ကောင် စီတပ်ခြေမြန်တပ်ရင်း ၅၄၅ တပ်ဖွဲ့တို့ ဇန်နဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မွန် လူမျိုးအများစု နေထိုင်သည့် ကမ်းနီရွာအနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် လူနေအိမ် များ မီးရှို့ခံခဲ့ရသည့်အတွက် လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များလေးစား လိုက်နာကြရန် တိုက်တွန်းကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေအာမီ -KTLA ပူးပေါင်းစစ်ကြောင်းအနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မွန်လူမျိုး အများစုနေထိုင်သည့် ကမ်းနီရွာ အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ခဲ့ပြီး ၂၄ ရက်နေ့တွင် ကျေးရွာရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်နေအိမ်အား ထပ်မံမီးရှို့ခဲ့ရာမှ လူနေအိမ်များမီးလောင်ပျက်စီးသွားသည်ဟု မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဗိုလ်အယ်စေး ဝါးအဖွဲ့ဝင်များအား ဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် ဆက်သွယ်၍ မရခဲ့ပေ။

ကျုံဒိုးမြို့အနီး ကော့ကျိုက်၊ အံဂလုံ၊ ကမ်းနီစံပြကျေးရွာတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က လာရောက်တပ်စွဲ ထားသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ နှစ် ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးရေ ၉ဝ ကျော် သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့တွင် Lion Battalion Commando ဗျူဟာစစ်ကြောင်း ၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများနှင့် အမြှောက်တပ်ရင်းတို့၏ ပစ်ခတ်ဗုံးကြဲသည့်အတွက် ကျေးရွာရှိ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ၂ ဦး ကျဆုံးခဲ့ကြောင်းလည်း Lion Battalion Commando ဗျူဟာစစ်ကြောင်း ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည်။

ယမန်နေ့ ထုတ်ပြန်သော မွန်ပြည်သစ်ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် နယ်မြေအတွင်း တိုက်ပွဲများ ထပ်မံပေါ်ပေါက်လာပါက မွန်ပြည်သူလူထုများအနေဖြင့် မိမိတို့နယ်မြေအတွင်း လုံခြုံရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းအကောင်ထည်ဖော်ကာ သက်ဆိုင်ရာမြို့နယ် ခရိုင်ရုံးသို့ ချိတ်ဆက်ဆောင်ရွက်ကြရန်ကိုလည်း အသိပေးထားသည်။

မွန်ပြည်သစ်ပါတီအဖွဲ့သည် NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် ၂ဝ၁၈ ခုနှစ် ၊ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ လက်ထက်တွင်လည်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပါဝင်တက်ရောက်လေ့ရှိသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...