KIA ထိန်းချုပ်နယ်မြေရှိ အောင်လောဒ့်ကျေးရွာဘက်သို့ စားနပ်ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

KIA ထိန်းချုပ်နယ်မြေရှိ အောင်လောဒ့်ကျေးရွာဘက်သို့ စားနပ်ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ KIA ထိန်းချုပ်နယ်မြေအတွင်းက အောင်လောဒ့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်ဘက်ကနေ စားနပ်ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

အောင်လော့ဒ်ကျေးရွာဘက်ကို တနိုင်းမြို့ စက်လှေဂိတ်ကနေ သွားရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီဘက်ကနေ စက်လှေတွေ သွားလာခွင့်ပိတ်ထားတာ (၂) ပတ်ကျော်ခန့်ရှိပြီဖြစ်တယ်လို့ တနိုင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ အောင်လော့ဒ်ကို သွားတဲ့လမ်းကြောင်းတွေတော့ စစ်တပ်က မဖွင့်ပေးသေးဘူး။ အများပိုင်းက ရေလမ်းကြောင်းကိုပဲ အားကိုးရတာပေါ့။ အရင်ကသွားတဲ့ (၅) မိုင်လမ်းကိုလည်း သူတို့ထိုင်လိုက်ပြီဆိုတော့” လို့ ဆိုပါတယ်။

အောင်လော့ဒ်ကျေးရွာသွားတဲ့ ကုန်းလမ်းကြောင်းကို ပိတ်ပင်ထားတာဟာ အာဏာမသိမ်းမီ အချိန်တည်းကဖြစ်ပြီး ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရတာ ဖြစ်ပါတယ်။

အခုလို ရေလမ်းကြောင်းပိတ်ပင်လိုက်တာဟာ စစ်တပ်ဘက်ကနေ အောင်လောဒ့်ကျေးရွာဘက်ကို လေယာဉ် သုံစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ ဇန်နဝါရီလ (၉) ရက်နေ့ နောက်ပိုင်းကဖြစ်ပြီး ဆီ၊ဆန်၊ဆားစတဲ့ အခြေခံစားသောက်ကုန်တွေလည်း သယ်ခွင့်မပေးထားဘူးလို့ ဒေသခံက ဆိုပါတယ်။

ကုန်စည်သယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် နဂိုရှိထားတဲ့ အခြေခံစားသောက်ကုန်တွေသာ ရောင်းချနေရပြီး မူလရောင်းနေကျဈေးထက် ပိုမိုပေးဝယ်နေရပြီးတော့ လက်ရှိမှာ စားသုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတဲ့အပြင် အချိန်ကြာမြင့်လာခဲ့ရင် ဆန်ပြတ်လပ်မှုအထိ ဖြစ်လာနိုင်တယ်လို့လည်း အောင်လောဒ့်ကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၂) ရဲ့ ထိန်းချုပ်ရာနေရာလည်း ဖြစ်ပါတယ်

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...