မွေးရာပါစအိုပေါက်မပါသည့် ၂ နှစ်ကျော်အရွယ် ခမီကလေးအား ခွဲစိတ်ကုသရန် အလှူငွေ သိန်း ၇၀ ကျော်ရရှိ

မွေးရာပါစအိုပေါက်မပါသည့် ၂ နှစ်ကျော်အရွယ် ခမီကလေးအား ခွဲစိတ်ကုသရန် အလှူငွေ သိန်း ၇၀ ကျော်ရရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာက ခမီတိုင်းရင်းသား ကိုလှမောင်နှင့်မစန္ဒာတို့၏ သားဖြစ်သူ အသက် ၂နှစ်ကျော်အရွယ် မောင်ထက်မြတ်အောင်အတွက် စအို ခွဲစိတ်ကုသရန် စေတနာရှင်များမှ လှူဒါန်းသည့် အလှူရှင်ငွေ  သိန်း ၇၀ ကျော် ရရှိသည်ဟု သတင်းရရှိသည်။

မောင်ထက်မြတ်အောင်ကို ခွဲစိတ်ကုသပေးနိုင်ရန် သင်္ကန်းကျွန်မြို့နယ်မှ အသက် ၆၀ အရွယ် ရခိုင်အမျိုးသမီးကြီးတစ်ဦးမှ အလှူငွေ ကျပ် ၃၅၀၀၀၀၀ (သုံဆယ်ငါးသိန်း)  လှူဒါန်းသည့်အပြင် ပြည်းတွင်း/ပြည်ပမှ စေတနာရှင် (တစ်ဦးချင်း/အစုအဖွဲ့အလိုက်) များမှလည်း Kpay/ Wave pay Account တို့ မှ ဝိုင်းဝန်း ကူညီပေးကြသည့် အလှူငွေ ကျပ် ၃၈၅၅၀၀ဝ (သုံးဆယ်ရှစ်သိန်းငါးသောင်းငါးထောင်ကျပ်) ရရှိပြီး၊ စုစုပေါင်း ကျပ်ငွေ ၇၃၅၅၀၀ဝ (ခုနှစ်ဆယ်သုံးသိန်းငါးသောင်းငါးထောင်ကျပ်) တိတိ ရရှိခဲ့သည် ဟုသိရသည်။

မောင်ထက်မြတ်အောင် ဖခင်က “ ကျွန်တော့် သားလေးအတွက် ကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အခု ကလေးကို ဆေးရုံတင်ထားတာ ၃ ရက်လောက်ရှိပါပြီ။ ဓါတ်မှန်ရိုက်လို့တော့ ပြီးပြီ၊ ဆေးထိုးပေးထားပါတယ်။ ဆေးရည်နဲ့ ဗိုက်ထဲဆေးတာတွေ လုပ်ပေးထားပါတယ်။ ဗိုက်ထဲက အစာတွေကို ရေနဲ့ဆေးပြီတော့မှ ခွဲမယ်ထင်တယ်။ ခွဲစိတ်မဲ့ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ သားလေးကတော့ ကျန်းကျန်းမာမာ ရှိနေပါတယ် ” ဟုပြောသည်။

မောင်ထက်မြတ်အောင်ကို ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းဆေးရုံတွင် ခွဲစိတ်ကုသ သွားမည်ဟုသိရသည်။

မောင်ထက်မြတ်အောင်၏ မိဖနှစ်ပါးမှာ သူတို့သားဖြစ်သူ၏ စအိုပေါက်ကို ခွဲစိတ်ကုသနိုင်ရန် ဘူးသီးတောင်မြို့ရှိ မိမိတို့ နေထိုင်သည့် အိမ်ကို ရောင်းချပြီး၊ ရန်ကုန်မြို့ကို ပြီးခဲ့သည် ဇန်နဝါရီ ၃ရက်နေ့ ကတည်းကပင် ရောက်ရှိနေခဲ့သော်လည်း ငွေမလုံလောက်သဖြင့် ရက်ပေါင်း ၁၀ ကျော်ကြာ ရပ်ဆိုင်းနေခဲ့ရသည် ဟုသိရသည်။

၎င်းနောက် Aye Mg KM အကောင့်ပိုင်ရှင်မှာ အဆိုပါဆေးကုသရန်အခက်အခဲများအား သူ၏ လူမှုကွန်ယက်စာမျက်နာများမှ ပို့စ်တင်ခဲ့သလို ရခိုင်အခြေစိုက် သတင်းမီးဒီယာများက ရေးသားဖော်ပြခဲ့ရာ စေတနာရှင်များက ဝိုင်းဝန်းကူညီခဲ့ကြသဖြင့် တစ်ပတ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်နေသည့် ငွေ ကျပ် သိန်း (၇၀) ကျော်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု  သိရှိရသည်။

မောင်ထက်မြတ်အောင်မှာ မွေးကတည်းကနေ စအိုပေါက်မပါသည့်အတွက်ကြောင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်ဟောင်း အူမကြီးကို သူမွေးကတည်းကနေ ယနေ့  ၂ နှစ်ကျော် အရွယ်အထိ အပြင်ထုတ်ထားပြီး နေခဲ့ရသည်ဟုလည်း သိရသည်

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...