စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကချင်ပြည်နယ်အတွင်း လျှောက်ထားသူ ကျောင်းသူ/သား တစ်သောင်းကျော်ရှိ

စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကချင်ပြည်နယ်အတွင်း လျှောက်ထားသူ ကျောင်းသူ/သား တစ်သောင်းကျော်ရှိ
ပုံဟောင်းအသုံးပြုထားပါသည်။
ပုံဟောင်းအသုံးပြုထားပါသည်။

လာမယ့် မတ်လအတွင်း အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသူ/သား ဦးရေ တစ်သောင်းကျော်ရှိနေပြီဖြစ်တယ်လို့ ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

ဒီစာရင်းဟာ လက်ရှိအချိန်ထိ ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်ပြီး နောက်ထပ်လည်း ဖြေဆိုခွင့် လျှောက်ထားဖို့ ခွင့်ပြုထားတာကြောင့် ထပ်တိုးစာရင်းတွေလည်း ရှိလာနိုင်သေးတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လောလောဆယ်တင်ပြီးတဲ့ စာရင်းက တစ်သောင်းကျော်ကျော်ဆိုတော့ နောက်ထပ် ကြားထဲမှာ တချို့မြို့နယ် ရုံးတွေတင်တာ ရှိတယ်။အဲဒါတွေက နေ့တိုင်းဆိုတော့ ကျနော်လည်း အတိအကျပြောလို့ မရသေးဘူး။ ကြားထဲမှာ တိုးလာနိုင်သေးတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့်နှစ်တွေမှာ စနစ်သစ် Grade 12 အတန်းထိ ရှိလာနိုင်ပြီး စနစ်ဟောင်း ဆယ်တန်း အတွက် နောက်ဆုံးနှစ်ဖြစ်တာကြောင့် ဖြေဆိုခွင့်လျှောက်ထားတာတွေကို ဖြေဆိုခါနီးအချိန်အထိ ခွင့်ပြုထားတယ်လို့လည်း သူကဆိုပါတယ်။

“ဒီနစ်က စနစ်ဟောင်းရဲ့ နောက်ဆုံးနှစ်ဖြစ်နေတော့။ အဲဒီတော့ ဒီနှစ်က ဖြေမှရမှာ။ မဖြေရင် စနစ်က ပြောင်းတော့မှာ။ နောက်တစ်နှစ်ဆိုရင် ဒီအတန်းစာမေးပွဲက ရှိဖို့မသေချာတော့ဘူး။ မရှိဘူးလို့လည်း မဆိုလိုဘူး။ ရှိမယ်ဆိုတာလည်း မသေချာတော့ဘူး။ နောက်တစ်နှစ်ဆိုရင် စနစ်ဟောင်း အတန်းက ကျောင်းတွေမှာ မရှိတော့ဘူး။ အပြင်က ဖြေတာတို့ ရှိကောင်းရှိနိုင်တယ်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ ကချင်ပြည်နယ်အတွင်း ဖြေဆိုခွင့်လျှောက်ထားခဲ့တဲ့ ကျောင်းသူ/သား ဦးရေပေါင်း ၁၂၇၈၃ ဦးရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...