ဘုရားသုံးဆူမြို့ရှိ ထွေအုပ်၊ လဝက၊ စည်ပင်နှင့် စရဖရုံးအားလုံး မီးလောင်ပြာကျ

ဘုရားသုံးဆူမြို့ရှိ ထွေအုပ်၊ လဝက၊ စည်ပင်နှင့် စရဖရုံးအားလုံး မီးလောင်ပြာကျ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (KNU ဒူးပလာယာခရိုင်) ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံး ၄ ခု၏ အဆောက်အဦးအား ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်း အချိန်တွင် မီးလောင်ပြာကျသွားပြီးဟု မြို့ခံလူထုများထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ရုံးနှင့် စည်ပင်သာယာရေးရုံး အဆောက်အဦးများအား မနေ့ည ၉ နာရီကျော်အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ  မီးရှို့ဖျက်ဆီးသွားပြီး ပစ်ခတ်သံမျာလည်း မြို့ပြင်တစ်ခုလုံးတွင် ကြားနေရဟု အမည်မဖော် လိုသူ မြို့ခံလူထုတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“ ထွေအုပ်၊ လဝက၊ စည်ပင်ရုံးနဲ့ စရဖရုံးတွေ အကုန်မီးလောင်ပြာကျတယ်။ ဒီမနက်မထိ မီးခိုးငွေ့တွေ မြင်ရသေးတယ်။ လက်နက်ကြီးရော၊ အသေးရော တစ်ညလုံးပစ်ခတ်သံတွေ ကြားရတယ်။ ထိခိုက် ဒဏ်ရာ ရတာတွေရှိတယ်လို့ သိရတယ်။ မြို့ပေါ်က စစ်သားတွေရော၊ ရဲတွေရော စခန်းမှာပဲ။ အပြင်ထွက်စစ်ဆေး လုပ်ဆောင်တာတော့ မမြင်ရဘူး။ မြို့ပေါ်မှာတော့ ဒီမနက် ပုံမှန်သွားလာနေကြတယ်” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောဆိုသည်။

ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထံသို့ သတင်းပေးလုပ်ဆောင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်နှင့် ဝန်ထမ်းများ CDM ပြုလုပ်ကြရန် နောက်ဆုံး အကြိမ် အဖြစ် ယခုလိုသတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရသိရသော်လည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များအနေဖြင့် တရားဝင် အသိပေးထုတ်ပြန်တာမျိုး မတွေ့ရသေးပေ။

ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် ဘုရားသုံးဆူမြို့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မက္ကသာ၊ သဗြူ၊ ကြိမ်ချောင်းနှင့် အခြားကျေးရွာများတို့တွင် စစ်တပ်မှ  စစ်သုံးလေယာဉ်များဖြင့် မကြာခဏလာရောက်ဗုံးကြဲ တိုက်ခိုက်လေ့ရှိသည်။  ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း လေးဝါးဖလိုးရွာတွင် ၎င်းတို့လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပညာသင်ကြားနေဆဲဖြစ်သည့် ဒေသခံလူငယ် ဦးရေ ၂ဝဝ ကျော် ပညာသင်နှစ်မပြီးဆုံးဘဲ စာသင်နှစ် ရပ်နားထားရသည်ဟု ဒေသခံများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...