သံဖြူဇရပ်မြို့နယ် ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

သံဖြူဇရပ်မြို့နယ် ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာအခြေစိုက်(င)အဆင့် နယ်မြေရဲစခန်းကို ဇန်နဝါရီလ(၁၈)ရက် နံနက် (၆)နာရီခွဲအချိန်တွင် ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း YGF ဘက်က သတင်းထုတ်ပြန်ထားသည်။

၎င်းရဲစခန်းဝန်းထဲတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အင်အား(၁၀)ဦးခန့်သာ ရှိပြီး ရေး (YGF)ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်နေစဉ် ထိုရဲတပ်ဖွဲ့ဝင်များနှင့် မိနစ် (၂၀)ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စခန်းသိမ်းပိုက်ရယူခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း ရေး (YGF)က သတင်းထုတ်ပြန်ထားသည်။

“စကစဘက်က အင်အားတိုးလာတယ်။ အခုဒီမနက် အဲ့ဒီဘက်တစ်ကြောလုံးကို တစ်အားတောနင်းရှာနေတယ်။ ရဲစခန်းမှာက အင်အား(၁၀)လောက်ပဲ ရှိတယ်။ စစ်ခွေး တွေဘက်က ပြီးမှစစ်ကူလာတာ။ မနေ့က တစ်နေ့လုံး ကျနော်တို့ရှိနိုင်တဲ့ဘက်ကို လက်နက်ကြီးလှမ်းထုနေတယ်”ဟု (YGF)တပ်ဖွဲ့ဝင် ဗိုလ်ကျန်ရစ်က ပြောသည်။

ထို့သို့ ရဲစခန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက် ရှိနေသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတရာထုတ်ပြန် ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

အလားတူပြီးခဲ့သည့် ဇန်နဝါရီလ (၁၁)ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို ရေးပြောက်ကျား(YGF)တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲများထွက်ပြေးသွားကာ စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF တပ်ဖွဲ့က ထုတ်ပြန်ထားသေးသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...