ပုလောမြို့နယ်ရှပ်ပုံရွာကို စစ်ကောင်စီတပ်မီးရှို့

ပုလောမြို့နယ်ရှပ်ပုံရွာကို စစ်ကောင်စီတပ်မီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပြီးနောက် တပ်အင်အားထပ်တိုးလာတဲ့ စစ်ကောင်စီတပ်က အဲဒီနေ့မှာရွာဖျားရပ်ကွက် လူမရှိတဲ့နေ အိမ်တွေကနေစပြီး မီးရှို့ဖျက်ဆီးနေတာပါ။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် လတ်တလောမှာ နေအိမ် ၉ လုံး မီးလောင် ပျက်စီးသွားပြီး ဒေသခံတွေလည်း ဥယျာဉ်ခြံတွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရတယ်လို့ သိရတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ဒေသခံတွေထွက်ပြေးသွားတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ကြောင်းနဲ့ လက်ရှိအချိန်အထိလည်း ရှပ်ပုံရွာထဲမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရှပ်ပုံရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့သလို လက်နက်တချို့နဲ့ဆက်စပ်ပစ္စည်းတွေကို ဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာ ဇန်နဝါရီပထမအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာပြီး မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...