ယုဇနကုမ္ပဏီ ထွက်ခွာသွားသည့် မြေနေရာများတွင် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်းဝယ်သုံးစွဲ

ယုဇနကုမ္ပဏီ ထွက်ခွာသွားသည့် မြေနေရာများတွင် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်းဝယ်သုံးစွဲ

ဟူးကောင်းဒေသ လီဒိုလမ်းမပေါ်မှာရှိတဲ့ ယုဇနကုမ္ပဏီ ထွက်ခွာသွားတဲ့ မြေနေရာမှာ မိုးကာတဲတွေ ဆောက်ပြီး မူးယစ်ဆေးဝါးတွေကို ပေါ်တင် ရောင်း/ဝယ် သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧက(၃၀)ကျော်လောက် ဧရိယာအတွင်းမှာ မိုးကာတဲအကြီးအသေး (၁၀၀)ဝန်းကျင်လောက်ရှိပြီး လူအယောက်(၂၀၀)ကျော်လောက် ရောင်းဝယ်၊ သုံးစွဲတာတွေ လုပ်နေကြတယ်လို့ ရှဒူးဇွပ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အဲဒီမှာက အခုပွဲလို ဖြစ်နေတယ်။ ကျွန်တော်ခန့်မှန်းမိသလောက်တော့ လူက(၂၀၀)လောက်ရှိမယ်။ ရောင်းဝယ်သူတွေ ရှိမယ်။ ခြံအတွင်းမှာပဲ” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီနေရာရဲ့ အနီးအနားမှာ ရွှေမှော်တွေ ရှိတာကြောင့် အဲဒီဘက်က လူတွေနဲ့ ရပ်နီး/ဝေးက လူတွေပါ လာရောက် သုံးစွဲကြတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“မှော်ဆိုတော့ သိတဲ့အတိုင်းပဲ ပိုက်ဆံ၊ အစားအသောက်စုံတယ်ဆိုတော့ ပိုက်ဆံပေါ်မူတည်ပြီး ပျက်စီးသွားတယ်” လို့ သူက ဆိုပါတယ်။

အဲဒီနေရာမှာ မူးယစ်ဆေးဝါးကို အခုလို ပေါ်တင်သုံးစွဲလာကြတာဟာ KIAကနေ ကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးပြီး မောင်းထုတ်လိုက်တဲ့နောက်ပိုင်းကနေ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ထပ် ဝါရာဇွပ်ကျေးရွာ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ရှဒူးဇွပ်ကျေးရွာ ဟောင်းလောချောင်း တစ်ဖက်ကမ်း ကိုင်းတောမှော်သွားလမ်းဘက်မှာလည်း မူးယစ်ဆေးဝါး ရောင်း/ဝယ်တာကို ဈေးတန်းလိုကို ပေါ်တင် လုပ်နေကြတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့နဲ့ မေလ ၁၉ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ကနေ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...