ယုဇနကုမ္ပဏီ ထွက်ခွာသွားသည့် မြေနေရာများတွင် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်းဝယ်သုံးစွဲ

ယုဇနကုမ္ပဏီ ထွက်ခွာသွားသည့် မြေနေရာများတွင် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်းဝယ်သုံးစွဲ

ဟူးကောင်းဒေသ လီဒိုလမ်းမပေါ်မှာရှိတဲ့ ယုဇနကုမ္ပဏီ ထွက်ခွာသွားတဲ့ မြေနေရာမှာ မိုးကာတဲတွေ ဆောက်ပြီး မူးယစ်ဆေးဝါးတွေကို ပေါ်တင် ရောင်း/ဝယ် သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧက(၃၀)ကျော်လောက် ဧရိယာအတွင်းမှာ မိုးကာတဲအကြီးအသေး (၁၀၀)ဝန်းကျင်လောက်ရှိပြီး လူအယောက်(၂၀၀)ကျော်လောက် ရောင်းဝယ်၊ သုံးစွဲတာတွေ လုပ်နေကြတယ်လို့ ရှဒူးဇွပ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အဲဒီမှာက အခုပွဲလို ဖြစ်နေတယ်။ ကျွန်တော်ခန့်မှန်းမိသလောက်တော့ လူက(၂၀၀)လောက်ရှိမယ်။ ရောင်းဝယ်သူတွေ ရှိမယ်။ ခြံအတွင်းမှာပဲ” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီနေရာရဲ့ အနီးအနားမှာ ရွှေမှော်တွေ ရှိတာကြောင့် အဲဒီဘက်က လူတွေနဲ့ ရပ်နီး/ဝေးက လူတွေပါ လာရောက် သုံးစွဲကြတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“မှော်ဆိုတော့ သိတဲ့အတိုင်းပဲ ပိုက်ဆံ၊ အစားအသောက်စုံတယ်ဆိုတော့ ပိုက်ဆံပေါ်မူတည်ပြီး ပျက်စီးသွားတယ်” လို့ သူက ဆိုပါတယ်။

အဲဒီနေရာမှာ မူးယစ်ဆေးဝါးကို အခုလို ပေါ်တင်သုံးစွဲလာကြတာဟာ KIAကနေ ကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးပြီး မောင်းထုတ်လိုက်တဲ့နောက်ပိုင်းကနေ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ထပ် ဝါရာဇွပ်ကျေးရွာ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ရှဒူးဇွပ်ကျေးရွာ ဟောင်းလောချောင်း တစ်ဖက်ကမ်း ကိုင်းတောမှော်သွားလမ်းဘက်မှာလည်း မူးယစ်ဆေးဝါး ရောင်း/ဝယ်တာကို ဈေးတန်းလိုကို ပေါ်တင် လုပ်နေကြတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့နဲ့ မေလ ၁၉ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ကနေ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...