၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် မီးလောင်မှု ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၃၀၀ ကျော်ရှိခဲ့

၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် မီးလောင်မှု ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၃၀၀ ကျော်ရှိခဲ့
ပုံစာ - ရခိုင်ပြည်အတွင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု
ပုံစာ - ရခိုင်ပြည်အတွင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မီးလောင်မှုပေါင်း ၇၃ ကြိမ်အထိရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁,၃၆၉ သိန်းကျော်အထိရှိခဲ့ကြောင်း ရခိုင်ပြည်မီးသတ်ဦးစီးဌာနရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုများတွင် မီးဖိုမှတဆင့်လောင်ကျွမ်းသည့် မီးလောင်မှု ၂၈ ကြိမ်၊ ပေါ့ဆမီး ၁၇ ကြိမ်၊ လျှပ်စစ်ဝါယာရှော့မီး ၂၀ ကြိမ်၊ မသမာသူရှို့မီး ၇ ကြိမ် နှင့် စုံစမ်းဆဲ ၁ ကြိမ် တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုများကြောင့် နေအိမ်အဆောက်အဦး ၄၇၃ ဆောင်၊ ဂို‌ဒေါင် ၃ လုံး၊ စက်ရုံ ၁ ရုံ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မီးလောင်မှုဖြစ်စဉ်များအတွင်း လူ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရခဲ့ပြီး ဒုက္ခသည်ဦးရေ ၁,၈၃၃ ဦးအထိရှိခဲ့သည်။ တိရစ္ဆာန်အကောင်ရေ ၅၀၀ လည်း မီးလောင်မှုများအတွင်း သေဆုံးခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် ရခိုင်တစ်ပြည်လုံး အတိုင်းအတာဖြင့် မီးလောင်မှု ၇၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃ ကြိမ် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လာမည့် ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြိမ်ရေများ လျော့ကျသွားအောင် မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်လင်း DMG ကိုပြောသည်။

“ပွင့်လင်းရာသီရောက်တိုင်း တစ်အိမ်တက်ဆင်း စစ်ဆေးတာတွေ၊ စက်ရုံအလုပ်ရုံတွေကို စစ်ဆေးတာတွေ၊ ဆီဆိုင်လုပ်ငန်းတွေ၊ KTV လုပ်ငန်းတွေ၊ ဟိုတယ်၊ မိုတယ်တွေကို နေ့ရက်အလိုက် လိုက်လံစစ်ဆေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခုက ပြည်သူတွေ မီးဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် မီးသတ်ယာဉ်တွေနဲ့ မြို့နယ်တိုင်းမှာ လိုက်လံဆော်သြတာတွေလည်း ရှိပါတယ်”ဟု ၎င်းကပြောသည်။

လတ်တလော မီးလောင်မှုဖြစ်စဉ်အဖြစ် ဇန်နဝါရီလ ၃ ရက်နေ့က မြောက်ဦးမြို့၊ ဆင်ချဆိပ်ရွာသစ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာ ဝါးထရံမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးတွင် ခြေ၊ လက်၊ မျက်နှာနှင့် မျက်လုံးတို့တွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကာ ဆေးကုသရန်အတွက် အကူအညီများ လိုအပ်နေကြောင်း မိခင်ဖြစ်သူထံက သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...