ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ကျိုက်ထိုတော်လှန်ရေးအဖွဲ့ (Photo Credit - Myanmar Now)
ကျိုက်ထိုတော်လှန်ရေးအဖွဲ့ (Photo Credit - Myanmar Now)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ဘက်ကို မောင်းလာသည့် စစ်ကား ၄ စီးပါယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီး ပျက်စီးပြီး စစ်ကောင်းစီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီထံမှ သိရသည်။

“မနေ့ မနက် ၇ နာရီလောက်မှာ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ဘက်ကို မောင်းလာတဲ့ စစ်ကား ၄ စီးပါ ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကားတစ်စီး ထိမှန်ပျက်ဆီးခဲ့တယ်။ စစ်ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း

ထိခိုက်သေဆုံးနိုင်ပါတယ်” ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဝင်တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် KNU တပ်မဟာ ၅ သို့မဟုတ် တပ်မဟာ ၆ ဘက်ကို စစ်ကူပေးရန်လာသည့် ယာဉ်တန်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံတို့က ပြောသည်။

ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မကြာခဏတိုက်ခိုက်ခံနေရသည့် နေရာဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...