စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲချမှုကြောင့် ရာဘာခြံလုပ်သား ၂ ဦး ကျည်စမှန်ဒဏ်ရာရ

စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲချမှုကြောင့် ရာဘာခြံလုပ်သား ၂ ဦး ကျည်စမှန်ဒဏ်ရာရ

ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ရာဘာခြံတစ်ခုတွင် ယနေ့နံနက်(၁၁)နာရီအချိန်၌ စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲချမှုကြောင့် ရာဘာခြံထဲရှိ အလုပ်သမ ၂ ဦး ကျည်အစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု နီးစပ်သည့် ဒေသခံများက ပြောသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့အနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ၎င်းတိုက်ပွဲဖြစ်ပွား သည့်နေရာနှင့် အနီးအနားကျေးရွာများထဲသို့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာဘာခြံထဲရှိ အသက်(၂၂)အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက်(၆၀)အရွယ် အဖွားအို တစ်ဦးလက်နက်ကြီးကျည်စမှန်သွားခဲ့ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

၎င်းက “၁၁ နာရီလောက်က ထိသွားတာ။ အသက် ၆၀ အဖွားကတော့ တင်ပါးထိသွားတယ်။ အသက်၂၂ မိန်းကလေးကတော့ မျက်နှာရှပ်ထိသွားတယ်။ ခုဏကတော့ လူနာတင်ယာဉ်နဲ့ လာခေါ်သွားပြီ။ စိုးရိမ်စရာမရှိဘူး။ အခုလက်ရှိ ကျနော်တို့လည်း လေယာဉ်လာပစ်လို့ ပြေးနေရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ကြာအင်းဆိပ်ကြီးမြို့ အနီးအနားကျေးရွာများသို့ လက်ရှိအချိန်ထိ  လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသောကြောင့် ဒေသခံပြည်သူများမှာအသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစ၍ ယနေ့အချိန် စစ်ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်များအကြား နှစ်ဘက်တိုက်ပွဲပြင်း ထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီအခြေစိုက်စခန်း ၃ ခုကို စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် စစ်ကောင်စီ ဘက်မှ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ပြန်လည်တုန့်ပြန်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုများပြားသလို ထောင်နှင့်ချီသော ဒေသခံ အရပ်သားပြည်သူများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...