နောင်မွန်မြို့နယ်၊ ခူထီရွာက သက်ကြီးရွယ်အိုများအတွက် အကူအညီလိုအပ်မှုများ ရှိနေ

နောင်မွန်မြို့နယ်၊ ခူထီရွာက သက်ကြီးရွယ်အိုများအတွက် အကူအညီလိုအပ်မှုများ ရှိနေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ကဆန်ချောင်းဖျားအဆုံးက ခူထီရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အကူအညီ လိုအပ်မှုတွေရှိနေပါတယ်။

အရင်က အိမ်ခြေ (၅၀) လောက်နဲ့ လူစည်ကားခဲ့တဲ့ ခူထီရွာက ဒေသခံတွေဟာ အခုနောက်ပိုင်း တခြားနေရာတွေကို ပြောင်းရွှေ့သွားကြပြီး ပြောင်းရွှေ့ဖို့မတတ်နိုင်တဲ့ သက်ကြီးရွယ်အို (၂၀) လောက် လက်ရှိ အဲဒီကျေးရွာမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီသက်ကြီးရွယ်အိုတွေဟာ လယ်ယာလုပ်ငန်းတွေ မလုပ်ကိုင်နိုင်ကြတဲ့အပြင် ဝင်ငွေမရှိတဲ့အတွက် အစားအသောက်နဲ့ အဝတ်အထည်လိုအပ်မှုတွေရှိနေတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“ သက်ကြီးရွယ်အိုနဲ့ နည်းနည်းမသန်စွမ်းတချို့ ဝင်ငွေမရှာနိုင်တဲ့သူတွေပဲ ကျန်ခဲ့တာပေါ့နော်။ အသက်ကြီးတဲ့သူတွေပဲကျန်တော့ လယ်ယာတွေဘာတွေမလုပ်နိုင်ဘူး။သူများတွေက လာပြီးမှကူညီတဲ့ အကူအညီတွေနဲ့ပဲ နေရတယ်ပေါ့။”လို့ပြောပါတယ်။

ဖျားနာမှုတွေ ရှိပြီဆိုရင်လည်း ဆေးရုံကိုလိုက်ပို့ပေးတဲ့သူ မရှိတဲ့အတွက် နီးစပ်ရာဆွေမျိုးတွေဆီက ဆေးဝါးမှာယူကုသကြနေရပြီး ဆေးဝါးလိုအပ်မှုတွေလည်း ရှိနေပါတယ်။

“ တမင်လိုက်ပို့ပေးတဲ့သူမရှိဘူ။း ဆေးရုံသွားဖို့ကလည်း အဆင်မပြေဘူးသူတို့က။ ဖျားနာတယ်ဆိုရင်ပဲ ဒီတိုင်းပဲ ဆေးဝါးတွေမှာပြီးမှ အဲလိုပဲကုကြတယ်။” လို့ အခက်အခဲကို ရှင်းပြပါတယ်။

နောင်မွန်မြို့ကနေ အဲဒီခူထီကျေးရွာအထိ ဆိုင်ကယ်နဲ့ တစ်နာရီခွဲလောက် သွားရပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ခေါင်လန်ဖူးဒေသဘက်မှာလည်း သက်ကြီးပိုင်းနဲ့ ကလေးတွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။

May 27, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မြစ်ဆုံရေကာတာစီမံကိန်း...
May 26, 2026
ကိုးကန့်တပ် (MNDAA) ရဲ့ တော်လှန်ရေးကို အကြောင်းပြုပြီး ပြည်သူလူထုကို ဒုက္ခရောက်စေတဲ့...
May 23, 2026
စိုင်းခေ — မြန်မာလို "လူလေး၊ လုံမလေး" လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ...
May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...