ကရင်နီ(ကယား)ပြည်နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ ဆေးဝါး အရေးပေါ်လိုအပ်နေ

ကရင်နီ(ကယား)ပြည်နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ ဆေးဝါး အရေးပေါ်လိုအပ်နေ

ကရင်နီ(ကယား) ပြည်နယ် အနောက်ဖက်ခြမ်းရှိတောများတွင် စစ်ဘေးရှောင်နေကြသော အရပ်သားပြည်သူများသည် ရာသီအကူးအပြောင်းနှင့် သောက်သုံးရေရှားပါးမှုကြောင့် အဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များလာပြီး ဆေးဝါး အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

စစ်ရှောင်ကူညီသူတစ်ဦးက “ဒီမှာအရမ်းအေးပြီး ရေလည်းရှားတော့ ကလေး၊ လူကြီးကအစ ဖျားကြတယ်။ မကြာခဏ ဗိုက်နာပြီး ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်သူတွေ များလာတယ်။ ရာသီတုပ်ကွေးလို့ထင်ပေမယ့်လည်း ပေါ့ဆလို့မရပါဘူး။ တချို့လူနာတွေဆို ပုလင်းကြီးချိတ်ဖို့ လိုအပ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်နေရာတွင် ဆေးပေးခန်းများရှိသော်လည်း ဆေးဝါးမလုံလောက်သည့်အပြင် ဆေးဝါး ဝယ်ယူမှုစရိတ်မှာ ဝင်ငွေမရှိသော စစ်ဘေးရှောင်ပြည်သူများအတွက် ဈေးကြီးပြီး လက်ရှိ စစ်ဘေးရှောင် ရာတောထဲမှ ဆေးရုံများရှိရာသို့ သွားရောက်ကုသမှုခံယူရမည့်နေရာမှာ ဝေးလံလွန်းသဖြင့် မသွားလာနိုင်ကြကြောင်း စစ်ဘေးရှောင်တစ်ဦးက ယခုလို ပြောသည်။

“ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာကလည်း ရေမလုံလောက်ဘူး။ ရေကို ဝယ်သုံးရတယ်။ တချို့ဒီက ကလေးတွေဆို ဆေးဝါးမရှိတော့ ဝမ်းပျက်တာအပြင် အခုရက်ပိုင်း အော့အန်တာတွေ အဖြစ်များလာကြတယ်။” ဟု ၎င်းစစ်ဘေးရှောင်က ပြောသည်။

ထို့အပြင် ဆေးဝါးအကူအညီများရရှိလာသော်လည်း စစ်ဘေးရှောင် ပြည်သူဦးရေ ပြည့်စုံလုံလောက်အောင် ဆေးမပေးနိုင်သည့်အတွက် ဆေးသုံး၊ လေးရက် သောက်ပြီးသည်နှင့် ရောဂါပြန်ဖြစ်ကြသူများကြောင်းကိုလည်း စစ်ရှောင်ကူညီပေးသူများက ပြောသည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်အထိ ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူဦးရေ (၂၀၂,၂၂၅)ဦးခန့်ရှိသည်ဟု ကရင်နီ အရပ် သားလူမှုအဖွဲ့အစည်းကွန်ရက်(KSNG)က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...