စစ်ကောင်စီ စစ်လေ့ကျင့်ရေးကျောင်းရဲ့ လုံခြုံရေးစခန်းကုန်း တိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

စစ်ကောင်စီ စစ်လေ့ကျင့်ရေးကျောင်းရဲ့ လုံခြုံရေးစခန်းကုန်း တိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

ကယားပြည်နယ် ဖရူဆိုမြို့ တောင်ဘက်ခြမ်းက စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့် ရေးကျောင်း အထူးလုံခြုံရေးစခန်းကုန်းကို ကရင်နီတပ်မတော် (KA) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး(၉) ဦးသေဆုံးကာ စစ်ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒီဇင်ဘာလအတွင်း သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း (KA) ရဲဘော်(၂) ဦးကျဆုံးခဲ့ကာ စစ်ကောင်စီရဲ့တပ်ကူတွေနဲ့ လက်နက်ကြီး ပစ်ကူတွေကြောင့် စခန်းသိမ်း တိုက်ပွဲအထိဖော်ဆောင်လို့မရဘဲ ပြန်ဆုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။

KA ကတိုက်ခိုက်ခဲ့တဲ့ စစ်လေ့ကျင့်ရေးကျောင်းကို ကမာခရော်ရှေ့၊လောဂျာ၊ဒေါလော့ခူ က ပြည်သူ ပိုင်ခြံမြေ ဧက ၂၇၀၀ ကျော်ကို ၂၀၁၀ ခုနှစ်က စတင်သိမ်းယူထားတာပါ။

အဲဒီကျောင်းကို ဒေသခံတွေအတွက် တက္ကသိုလ် အဖြစ်ပြောင်းလဲ အသုံးပြုဖို့ KNPP က ဆွေးနွေး ခဲ့ပေမယ့် စစ်တပ်ဘက်က လက်မခံဘဲ စစ်လေ့ကျင့်ရေး ကျောင်းအဖြစ် ဆက်ဖွင့်ထားတယ်လို့ သိရပါတယ်။

စစ်လေ့ကျင့်ကျောင်းကနေ နေ့စဉ် အမြှောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အတွက် ဒေသခံ တွေထိခိုက်မှုတွေရှိနေတဲ့အပြင် တောင်ယာတွေကိုသွားရောက်လုပ်ကိုင်စားသောက်ဖို့ အခက် အခဲ တွေရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...