ခေါင်းစွပ်မျက်နှာဖုံးအမဲဝတ်ဆင်ကာ စစ်ကောင်စီ ဧည့်စာရင်းစစ်

ခေါင်းစွပ်မျက်နှာဖုံးအမဲဝတ်ဆင်ကာ စစ်ကောင်စီ ဧည့်စာရင်းစစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ ဧည့်စာရင်း များ လိုက်လံစစ်ဆေးရာတွင် မျက်နှာဖုံးခေါင်းစွပ်အမဲကို ဝတ်ဆင်ပြီးအရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ကာ လိုက်လံစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ယခု ဒီဇင်ဘာလမှ စတင်ကာ ထားဝယ်မြို့ပေါ်ရှိရပ်ကွက် တစ်ချို့တွင် စစ်ကောင်စီက ညဘက်အချိန်ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများပြုလုပ်ရာတွင် လိုက်ပါ သူများအားလုံး မျက်နှာဖုံးခေါင်းစွပ်အမဲများကိုဝတ်ဆင်မှုများပြုလုပ်ပြီး အရပ် ဝတ် များဖြင့် လက်နက်ကိုင်ဆောင်ထားသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်မှု များဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ထားဝယ် မြို့ခံတစ်ဦးက “အခုဟာကျတော့ တစ်ကိုယ်လုံး ဝတ်စုံအပြည့်နဲ့စစ်သားတွေက မျက်စိနှစ်လုံးပဲမြင်ရတာ၊၊ အဲ့ဒါထက် ဆိုးတာက လမ်းပြ ဒီရိုးရိုးအရပ်သားဝတ်စုံနဲ့သူတောင်မျက်နှာဖုံးနဲ့ ရဲလည်းပါတယ်။ သူတို့လာကြ ပြန်ရင် လည်း တစ်အုပ်ကြီး ဧည့်စာရင်းစစ်တာအဲ့လောက်လူလိုလားပေါ့။ သူတို့ထဲက အရပ် ဝတ်နဲ့ လူဆိုရင် သေနတ်တွေပါ ကိုင်ထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ညအချိန်မတော် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများနှင့်အရပ်ဝတ်များဖြင့် မျက်နှာဖုံးအမဲစွပ်ပြီး လက်နက်ကိုင်ဆောင်ထားခြင်းကြောင့် မြို့ခံများအနေဖြင့် စိတ်မ လုံခြုံမှုများဖြစ်ပေါ်စေပြီး မိမိအသက်အန္တရာယ်အပေါ် ရန်ရှာလာမည်ကိုလည်း ကြောက်ရွံ့မိကြောင်းလည်း မြို့ခံများက ဆိုသည်။

နောက်ထပ် ထားဝယ်မြို့ခံလူထုတစ်ဦးက “အရင်က လာစစ်ရင်သူတို့မျက်နှာ တွေမြင်ရတယ်၊၊ အခုကျတော့ လူအိပ်ချိန်ကြီးလာတယ်။ ပြီးတော့ အမှောင်ထဲမှာ ကိုယ့်ကိုတစ်ခုခု လုပ်မှာကြောက်တာပေါ့။ သူတို့ လာပြီးဆိုကြောက်နေရပြီ။ ဘယ်အချိန် လာမလဲ အဲ့ဒါကိုပဲ တွေးပြီးပူနေရတာ။ စိတ်မလုံခြုံသလိုခံစားရတာပေါ့။ ”ဟု ပြောသည်၊၊

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စစ်သားများ၊ ယာဉ်ထိန်းရဲများနှင့် ရဲများပူးပေါင်းပြီး ထားဝယ်မြို့အတွင်း အကြောင်းအမျိုးမျိုး ပြကာ ငွေညှစ်တောင်းခံခြင်း၊ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ယခုအချိန်ထိ လုပ်ဆောင်လျက်ရှိ ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...