နမ့်ဆန်မြို့နယ် စစ်ကောင်စီက ပြည်သူနေအိမ်များကို မီးရှို့

နမ့်ဆန်မြို့နယ် စစ်ကောင်စီက ပြည်သူနေအိမ်များကို မီးရှို့

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာထဲ နေအိမ် ၅ လုံး နှင့် ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင် တစ်ဆောင် စစ်ကောင်စီက မီးရှို့ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၁၀  ရက် တွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာမှ ညအချိန်တွင် နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

“ မနေ့ညက ကုန်းသာရွာမှာ ပြည်သူ အိမ် ၅ အိမ်ကိုမီးရှို့ခဲ့တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ လေယာဉ်တွေနဲ့လည်း ပျံဝဲနေတယ်။ ကုန်းသာရွာ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင် မီးရှို့ ခံရတယ်” ဟု TNLA တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ထိ စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီဖက်မှ လေယာဉ်ဖြင့် နာရီဝက်တစ်ခါ TNLA တပ်စခန်းရှိရာတို့ ပျံဝဲနေကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီ တပ်သားများက ကုန်းသာကျေးရွာထဲတွင် ပိတ်မိနေလျက်ရှိကြောင်း TNLA တပ်သားက ပြောသည်။

“ တိုက်ပွဲတော့ မဖြစ်သေးဘူး။ သူတို့လေယာဉ်တော့ နာရီဝက်ခြား ပျံလာနေတယ်။ သူတို့တပ်သားတွေ ကုန်းသာရွာထဲမှာ ပိတ်နေတာရှိတယ်။ အဲ့ကြောင့် သူတို့ လူကို ကယ်ထုတ်ဖို့ လာကြည့်နေတာလား မသိဘူး။ စစ်ရေးတော့ တင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့သည် ဒီဇင်ဘာ ၇ ရက်နေ့မှစပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ထိုးစစ်ဆင်ခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ပြည်သူ ၆၀၀ ကျော်က နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...