ဒေးဒရဲ နှင့် မော်လမြိုင်ကျွန်းတွင် စစ်သားလူထွက်အုပ်ကြီး နှင့် တပ်ထောက်ခံသူ သားအမိတို့ ပစ်ခံရ

ဒေးဒရဲ နှင့် မော်လမြိုင်ကျွန်းတွင် စစ်သားလူထွက်အုပ်ကြီး နှင့် တပ်ထောက်ခံသူ သားအမိတို့ ပစ်ခံရ

ဧရာဝတီတိုင်းအတွင်းက ဒေးဒရဲမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်တပ်ထောက်ခံသူ အဖြစ် လူသိများသော သားအမိနှစ်ဦးတို့ တစ်နေ့တည်းမှာ ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသ ခံများက ပြောသည်။

ဒေးဒရဲမြို့နယ်၊ ဆားကျင်းကျေးရွာ၌ နေထိုင်သည့် တိုးကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်နိုင် ထွန်းနှင့် ရာအိမ်မှူး ၃ ဦးတို့ ဧည့်စာရင်းစစ်ပြီး ပြန်လာချိန်တွင် လူတစ်စုက ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။

“အုပ်ကြီးက စစ်သားလူထွက်လေ။ သူ့ကို စစ်တပ်က အုပ်ချုပ်ရေးမှူး ခန့်ထားတာ။ အခု သူ့ကို သေနတ်၂ ချက် မှန်လို့ ဆေးရုံတင်ထားရတယ်။ မသေဘူး” ဟု ဒေးဒရဲမြို့ခံတစ်ဦး က ပြောသည်။

ဒီဇင်ဘာလ ၅ ရက်နေ့၊ ည ၉နာရီခွဲဝန်းကျင် အချိန်ခန့်တွင် တိုးကျေးရွာ အုပ်စုက အုပ်ချုပ်ရေးမှူးဦးတင်နိုင်ထွန်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဒေးဒရဲမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးတင်နိုင်ထွန်း ပစ်ခတ်ခံရသည့် ညမှာပင်မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောင်ချောင်းအုပ်စု၊ မျောချောင်းကျေးရွာက စစ်တပ်ထောက်ခံသူ အဖြစ်လူသိများသည့် ဦးမင်းမင်းနှင့် ၎င်း၏ မိခင်ဖြစ်သူတို့လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်ဟု မော်လမြိုင်ကျွန်း မြို့ခံ အချို့၏ ပြောပြ ချက် အရသိရသည်။

ပစ်ခတ်ခံရသည့် ဦးမင်းမင်းနှင့် ၎င်း၏ မိခင်တို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမဲအောင်နိုင်ရေး တွင် ပါဝင်ခဲ့သူများဖြစ်ပြီး စစ်တပ်ထောက်ခံပွဲအတွက် လူစု စည်းရုံးပေးသည့် (မဘသ) အဖွဲ့ဝင်များ ဖြစ်ကာ စစ်တပ်ကို သတင်းပေးလည်း လုပ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့ သားအမိ စီးလာသည့် စက်လှေကို အမည်မသိ လူ ၂ ဦးက အခြား စက်လှေ တစ်စီးဖြင့်ဘေးချင်းယှဉ် လိုက်လာပြီး ပစ်ခတ်သွားရာ သားဖြစ်မှာ ဦးခေါင်း နှင့် ပေါင်တွင် ဒဏ်ရာတချက်စီ ရရှိခဲ့သည်။ ထို့အပြင် သား ဖြစ်သူ ဦးမင်းမင်း၏ မိခင်မှာ ဝမ်းဗိုက်တွင် ဒဏ်ရာ တစ်ချက်ရရှိခဲ့သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ က ပြော သည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “သားအမိ နှစ်ယောက်စလုံး သေနတ်မှန်ပေမယ့် မသေဘူး။ သူတို့ နှစ်ယောက် စလုံးကို စစ်ဆေးရုံကို ပို့လိုက်တယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှု ၂ ခုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအချို့ကို စစ်ဆေးမေးမြန်းရန်ရှိ သည် ဟု ဆိုကာ ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု အဖမ်းခံထားရသည့် မိသားစုများနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ထိုပစ်ခတ်မှု ၂ ခုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က PDF များ၏ အကြမ်းဖက်မှု ဆိုကာ ဝါဒဖြန့် မှုအချို့ ရှိ သော်လည်း တော်လှန်ရေး အင်အားစုများဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...