တာဝန်မှနုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်ကို ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်သော်လည်း အယုံအကြည်မရှိ၍ တစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟုဆို

တာဝန်မှနုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်ကို ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်သော်လည်း အယုံအကြည်မရှိ၍ တစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟုဆို

တာဝန်မှနုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်ကို ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်သော်လည်း အယုံအကြည်မရှိ၍ တစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟုဆို

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တာဝန်မှ နုတ်ထွက်ရန် စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်ခဲ့သော်လည်း အယုံအကြည်မရှိတော့၍  တစ်ဦးတစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှိဟု နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

သူတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းဖြင့်ခေါ်ယူခဲ့သော်လည်း သွားရောက်ခဲ့ခြင်းမရှိခဲ့ဟု နုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျနော်တို့ကတော့ ဘာမှမလိုချင်တော့တဲ့အတွက် နုတ်ထွက်ထားပြီးပြီလေ။ ပြီးတော့ သူတို့ကို အယုံအကြည်မရှိတော့ဘူး။ သူတို့ ကျနော်တို့ကို ခေါ်လည်း ဘာမှမထူးတော့ဘူး။ ဒါကြောင့် သူတို့ခေါ်တဲ့ အစည်းအဝေးကိုလည်း မသွားခဲ့ဘူး”ဟု ပြောသည်။

နုတ်ထွက်ထားသည့် နောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဆက်သွယ်မေးကြည့်ရာတွင်လည်း ယင်းနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ မြို့ပေါ် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၄ ဦးသာတက်ရောက်ခဲ့ပြီး သူအပါအဝင် ကျန်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ခြင်းမရှိခဲ့ဟု ပြောသည်။

“အဲဒီနေ့က တက်ရောက်ခဲ့တဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄ ယောက်ကိုတော့ ရပ်ကွက်မှာ ဘာတွေလိုအပ်လဲ ဘာညာနဲ့ မေးမြန်းခဲ့ရုံပဲ ပြောပါတယ်။ ကျန်တာတွေတော့ ဘာမှမပြောဘူးလို့ သိရတယ်”ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အရပ်သားပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် စစ်တပ်နှင့် AA အကြားတွင် တာဝန်ထမ်းဆောင်ရသည်မှာ ကြားညှပ်နေသည်ဟု ခံစားရသည့်အတွက် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍ဟုဆိုကာ ယခုကဲ့သို့ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်ဟု နုတ်ထွက်ထားသူများက ပြောသည်။

နုတ်ထွက်စာတင်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် သူတို့အသုံးပြုခဲ့သည့် တံဆိပ်တုံးများနှင့် စာရွက်စာတမ်းများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ နီးစပ်သူများမှတဆင့် ပေးပို့ထားပြီဟုလည်း သိရသည်။

ယခုခေါ်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး၏သဘောထားကိုရယူနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇ဝ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ကြခြင်းဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...