ကော့ကရိတ်မြို့ ဘ.ကကျောင်းပေါ် လက်နက်ကြီးကျ၍ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့ ဘ.ကကျောင်းပေါ် လက်နက်ကြီးကျ၍ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့ တောင်ပိုင်းမောင်းမရွာသစ်ကျေးရွာ၊ ဘ.ကကျောင်းပေါ်သို့ ယနေ့ ဒီဇင်ဘာလ ၆ရက်၊ နေ့လည် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆရာ မတစ်ဦးနှင့် ကျောင်းသားတစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ကျေးရွာထဲသို့ လက်နက်ကြီးများ မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ်ကျောင်းဆရာမတစ်ဦးနှင့် အသက် ၇ နှစ်အတွက် ကျောင်းသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရှိရရှိခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

မောင်းမရွာသစ် ရွာသူတစ်ဦးက"လက်နက်ကြီးကျတာက သုံးလုံး၊ တစ်လုံးက စာသင်ကျောင်းအမိုးပေါ်တည့်တည့်ကျတယ်။ ကျန်နှစ်လုံးက ကျောင်းအနီး နားမှာကျတယ်။ နေ့လယ် ထမင်းစားနားချိန် ဖြစ်လို့ တော်သေးတယ်။ ကျောင်းထဲ ကျန်တဲ့ဆရာမတစ်ဦးနဲ့ကျောင်းသားတစ်ဦးက ထိသွားတယ်။ ကျောင်းသားက ဘယ်ဘက်လက်မောင်းမှာဒဏ်ရာကြီးတယ်။ ဆရာမကတော့ မျက်နှာကော၊ လက်မှာကော ကျည်စတွေများတယ်"ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ယခုလုပ်ဆောင်ချက်သည် ယုတ်မာရက်စက်သည့် လုပ်ရပ်ဖြစ်သည်ဟု မောင်းမရွာသစ် သူရွာ/ရွာသားများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်တွင်လည်း ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ခုဒုံကျေးရွာနှင့် ဘော့ဒိုင်းကျေးရွာတွင် ကျရောက်မှုရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီများသည် ယခုတလောတွင်စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာပြီး ယနေ့တွင်လည်း ကော့ကရိတ်မြို့ တောင်ပိုင်းရှိ ကော့နွဲကျေးရွာထဲသို့ ဝင်ရောက်ကာ နာရီပိုင်းအကြာတွင် မြို့တွင်းသို့ပြန်သွားခဲ့ကြောင်း ကော့နွဲရွာခံများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...