နှစ်ဖက်ပစ်ခတ်မှုအပြီး ဖာပွန်−ကမမောင်းလမ်းပိုင်းကို BGF တပ်များက ပိတ်ဆို့ထား

နှစ်ဖက်ပစ်ခတ်မှုအပြီး ဖာပွန်−ကမမောင်းလမ်းပိုင်းကို BGF တပ်များက ပိတ်ဆို့ထား
photo-cj
photo-cj

ကရင်ပြည်နယ် ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် ယနေ့နံနက်ပိုင်းက နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေဖြစ်သည့် ဖာပွန်−ကမမောင်း လမ်းပိုင်းတွင် ယနေ့နံနက် (၅)နာရီကျော်အချိန်တွင် (KNLA)တပ်ဖွဲ့များနှင့် (BGF) တပ်ဖွဲ့များအကြား နာရီဝက်ခန့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးသည့်နောက် (BGF)တပ်များက ၎င်းကားလမ်းပိုင်းကို ပိတ်ဆို့ထားကြောင်း  နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီမနက်(၅)နာရီကျော်လောက်က ကမမောင်းသွားတဲ့လမ်းဘက်မှာ ပစ်ကြတယ်။ BGF အဖွဲ့နဲ့  KNLA တို့ ပစ်ကြတာ။ သေနတ်သံကတော့ နာရီဝက်လောက်ပဲ ကြားတယ်။ ဖာပွန်−ကမမောင်းလမ်းတစ်လျှောက်က မိုင်းတွေထောင်ထားတာအများကြီးပဲလေ။ အခု တိုက်ပွဲဖြစ်တဲ့နေရာမှာ BGF တွေလမ်းပိတ်ထားတယ်။  သေနတ်သံတိတ်တော့ BGF ကားအစီး (၁၅)စီးလောက် ဖာပွန်ဘက်ကို ပြန်ဝင်လာတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှု နှင့်ပတ်သက်ပြီး ကေအိုင်စီ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းများဘက်မှလည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

ထို့အပြင် ဖာပွန်မြို့နှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း လက်နက်ကြီးသံများ ညတိုင်း လိုလို ကြားနေရပြီး ရပ်ကွက်အတွင်းသို့ BGF စစ်ကြောင်းဝင်ရောက်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

“ညတိုင်းလက်နက်ကြီးသံတွေကြားနေရတယ်။ ဟိုဘက်ကပစ်တာလာ ဒီဘက် ကပစ် တာလာ သေချာမသိရဘူး။ အစ်မတို့လည်း အခုနောက်ပိုင်း အပြင်ထွက်မရဲဘူး။ မနေ့ ကဆို ရပ်ကွက်ထဲကို BGF တွေစစ်ကြောင်း ဝင်လာတယ်။ သတင်းတွေက အမှောင်ချ ထားတော့ ဒီမှာဖြစ်တာတွေလည်း ဘယ်သူမှ မသိရဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်များ၏ ကင်းထောက်လေယာဉ်များက ဖာပွန်−ကမမောင်းမြို့ရှိ ကောင်းကင်းယံတွင် နေ့စဉ် (၂)ကြိမ်ခန့်ပျံဝဲလျက်ရှိနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...