သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဖြင့်ပစ်ခတ်၊ ဒေသခံ (၅)ဦးဒဏ်ရာရကာ အမျိုးသမီး (၁)ဦးသေဆုံး

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဖြင့်ပစ်ခတ်၊ ဒေသခံ (၅)ဦးဒဏ်ရာရကာ အမျိုးသမီး (၁)ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သံမိုးတောင်ကျေးရွာတပ်စခန်းရှိ စစ်ကောင်စီတပ်များနှင့် သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေးတပ်ပေါင်းစုများ နိုဝင်ဘာလ (၂၆)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး(၁)ဦး သေဆုံးပြီး ဒေသခံရွာသား (၅)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းအရင်းအမြစ်များအရ သိရသည်။

ဒေသခံများနှင့်နီးစပ်သူ အခြားရွာသားတစ်ဦးက “ရွာသား(၅)ယောက်ဒဏ်ရာရပြီး အမျိုးသမီး(၁)ယောက် ပွဲချင်းပြီးသေသွားတယ်။ သူက တောင်ငူမှာနေတာ သံတောင်ကို အလည်ပြန်လာတဲ့အချိန်မှာ ဖြစ်တာ။ အခုလောလောဆယ် တပ်စခန်းနဲ့နီးတဲ့ရွာတွေကတော့ တိုက်ပွဲဖြစ်မှာစိုးလို့ အိမ်ပြန်မနေရဲကြဘူး။ အနီးအနားရွာတွေက ဆွေမျိုးတွေ အိမ်မှာ သွားနေရတယ်” ဟု ပြောပြသည်။

ဖြစ်စဉ်မှာ ထိုနေ့မနက် (၆)နာရီတွင် သံတောင်မြောက်ပိုင်းအထူးဒေသကာကွယ်ရေးတပ်၊ တောင်ပိုင်း (၃၅၀၁) တပ်ခွဲ(၄)နှင့် လက်အောက်ခံ PDF တပ်များက သံမိုးတောင် ကျေးရွာတပ်စခန်းအား သိမ်းယူရန် တိုက်ပွဲ စတင်ခဲ့သော်လည်း ထုံးဘိုကြီးတပ်စခန်းမှ လက်နက်ကြီးများဖြင့်သာမက လေကြောင်းဖြင့် (၃)ကြိမ်ခန့် ပစ်ကူခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သံတောင်မြောက်ပိုင်း အထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ယခုလို ပြောသည်။

၎င်းက “ ကျနော်တို့က သံမိုးတောင်တပ်စခန်းက လူအင်အားကိုနည်းအောင် ဗျူဟာချပါတယ်။

စစ်ကောင်စီဘက်က အင်အား(၃၀)လောက် နယ်မြေရှင်းလင်းရေးလုပ်ဖို့ စခန်းထဲက ထွက်သွားကြတဲ့ အချိန် ကျနော်တို့က တပ်စခန်းကို ဝင်သိမ်းကြတာပါ။ တစ်ဖက်က လက်နက်ကြီးရော၊ လေကြောင်းရော ပစ်ကူတော့ ကျနော်တို့ရဲဘော်တွေ ထိခိုက်မှာစိုးလို့ ပြန်ဆုတ်ခဲ့ပါတယ်။ ဆုတ်ခွာပြီး အတော်ကြာတဲ့အထိ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် ဒေသခံ ရွာသားတွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာလည်းရှိတယ်လို့ သိရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်တပ်ဘက်မှ အနည်းဆုံး (၁၅)ဦးခန့် ထိခိုက်ကျဆုံးခဲ့ပြီး သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ အထိ အခိုက်၊ အကျအဆုံးမရှိကြောင်းနှင့် လက်ရှိတွင် စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ အစစ်အဆေးများလည်း တင်းကြပ်ထားကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ဆက်ပြောသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းအထူးဒေသတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်များနှင့် ယမန်နေ့တိုက်ပွဲ အပါအဝင် တိုက်ပွဲ(၄)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သားအယောက် (၂၀)ခန့် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...