စစ်ကောင်စီသည် ၂ လအတွင်း ရခိုင်ပြည်သူ ၃ဝဝ ကျော်ဖမ်းဆီးခဲ့ဟု AA ပြော

စစ်ကောင်စီသည် ၂ လအတွင်း ရခိုင်ပြည်သူ ၃ဝဝ ကျော်ဖမ်းဆီးခဲ့ဟု AA ပြော

မြန်မာ စစ်ကောင်စီသည်  ၂ လအတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ရခိုင်ပြည်သူ ၃ဝဝ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂ လအတွင်း ယနေ့အထိ ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ ရခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့သည်ဟု ဆိုသည်။

“အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန်ရှာဖွေဖမ်းဆီးမှုတွေကိုပြုလုပ်ခဲ့ပါတယ်”ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများတွင် အစိုးရဝန်ထမ်းများဖြစ်သည့် ပညာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများလည်း ပါဝင်သလို စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံလက်လုပ်လက်စားပြည်သူများလည်း ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် ၈၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပြီး နောက်ထပ်လည်း ဆက်လက်ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်သည်ဟု  ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် အလွတ်သဘေ အပစ်ရပ်စဲထားကြပြီဖြစ်သည့်အတွက် AA သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...