ဖမ်းဆီးခံထားရသည့် လူထုဇော်ဝင်းအမှုတွင် တရားလိုဘက်က ရုံးချိန်းဆက်တိုက်ပျက်ကွက်နေ

ဖမ်းဆီးခံထားရသည့် လူထုဇော်ဝင်းအမှုတွင် တရားလိုဘက်က ရုံးချိန်းဆက်တိုက်ပျက်ကွက်နေ

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအမှုတွင် တရားလိုဖက်မှ မရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ(၇)ကြိမ်အထိ ရှိလာသည်ဟု သိရသည်။

အမှုနှင့်ပတ်သက်၍ ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ သော်လည်း တရားလိုပြသက်သေများ မရောက်ရှိသည့်အတွက် လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ရသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကပြောသည်။

“မနေ့က လိုပြသက်သေမရောက်လို့ ဘာမှစစ်ဆေးခဲ့ရတာမရှိဘူး။လာမယ့် လ ၅ ရက်နေ့ကိုရုံးချိန်းထားတယ်။ လက်ရှိကိုဇော်ဝင်းအမှုမှာက တရားလိုဘက်က သက်သေပြဖို့အတွက် ရှာဖွေသက်သေနှစ်ယောက်နဲ့ အမှုစစ် ရဲအရာရှိ တစ်ယောက်စစ်ဆေးဖို့ကျန်သေးတယ်”ဟု သူကပြောသည်။

ထိုသို့တရားလိုဖက်မှ ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေမှုကြောင့် တရားစွဲဆိုခံထားရသူအတွက် အချိန်ကြန့် ကြာသလို နစ်နာမှုများရှိကြောင်း အဆိုပါရှေ့နေက ဆိုသည်။

ကိုဇော်ဝင်းအမှုနှင့်ပတ်သက်၍ တရားရုံးတွင် သုံးကြိမ်ခန့်ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း သြဂုတ်လ မှစတင်ကာ တရားလိုဖက်မှပျက်ကွက်မှုများရှိလာသဖြင့် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ယင်းသို့ တရားလိုဖက်မှစစ်ဆေးရန်ရောက်မလာခြင်းကြောင့် တရားစွဲဆိုခံရသူအတွက်နစ်နာမှုများ ရှိသည့် အတွက် အမှုနှင့်ပတ်သက်၍ အမြန်ဆုံးစစ်ဆေးပေးရန် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံကတောင်း ဆိုသည်။

“အမှုကို အမြန်ဆုံးစစ်ဆေးစေချင်တယ်။ အခုကရုံးချိန်းပြီး အမှုမစစ်ဆေးရတာလည်း မနည်းကြာနေပြီ။ အချိန်လည်း ကြန့်ကြာတယ်။ ကိုဇော်ဝင်းအတွက်လည်း နစ်နာတယ်။ အခုက ကုန်ဈေးနှုန်းတွေတက်နေတာမှာ စီးပွားရေးအကျပ်အတည်းတွေနဲ့ အကုန်လုံးခက်ခဲနေတယ်။ သူလည်း အချုပ်ခန်းထဲမှာ ကျပ်ကျပ်တည်းတည်း နေရတယ်။ သူ့ကို အပြစ်ရှိရင်လည်း ပြစ်ဒဏ်ချစေချင်တယ်။ အပြစ်မရှိရင် အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ဒီလိုအချိန်ဆွဲထားတာက ပိုပြီးစိတ်ထိခိုက်ရတယ်”ဟု သူကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကနေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်ဒေသခံ အများအပြားကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ တစ်ချို့ကို လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံနှစ်ဦးမှာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့သည်။

လက်ရှိ တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်းသည် စစ်ဘေးရှောင်အရေး၊ လူမှုကယ်ဆယ်ရေးစသည့် လူမှုရေး၊ နိုင်ငံရေးကဏ္ဍတို့ကို တက်ကြွစွာလုပ်ဆောင်နေသူဖြစ်သည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...