ကာမိုင်းထွေအုပ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးဟုဆို

ကာမိုင်းထွေအုပ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာ ဒီကနေ့ နေ့လယ်(၁၂)နာရီလောက်က လက်နက်ကြီးကျည်ကျပြီး ဝန်ထမ်းတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို မသိရှိရသေးဘဲ လက်ရှိ ကာမိုင်း စစ်ကောင်စီဗျူဟာကုန်းဘက်မှာတော့ လက်နက်ကြီး/ငယ်သံတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဟိုး အခုလည်း မြည်ပြန်ပြီ။ အဝေးကနေ ကျတယ်လို့လည်း ပြောတယ်။ ကုန်းဘက်ကနေ ပစ်တာလား။ အတိအကျ မသိဘူး။ အခု ဖုန်းပြောနေရင်းကို နှစ်ခေါက် ရှိပြီ” လို့ သူက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးသွားတဲ့အပြင် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ လက်နက်ကြီးကျသံ တစ်ခေါက် ကြားလိုက်ရတယ်လို့ သိရပါတယ်။

“ပထမက သိပ်မကြားရတဲ့ လက်နက်ငယ်သံပဲမြည်တာ။ နောက်တော့ လက်နက်ကြီးသံ ကြားတာ။ ဝန်ထမ်းတစ်ဦး သေတယ်” လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေ ကာမိုင်းဂိတ်ရဲ့ အထက်ဘက်မှာ အင်အားချ လှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...