စစ်ကောင်စီတပ် ထိုးစစ်ဆင်လာပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သဖြင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သဖြင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (တပ်မဟာ ၆ နယ်မြေ၊ )ကျုံဒိုးမြို့နယ်ရှိ လောင်းကိုင်ကျေးရွာတွင် ယနေ့နံနက် (၇)နာရီခန့်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် ရွာထဲ ဝင်လာပြီး ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည့်အတွက် ထိုဒေသရှိ ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် တောင်ကြာအင်းကျေးရွာမှတစ်ဆင့် နောင်တလာကျေးရွာထဲကို ယမန်နေ့ ညကတည်းက စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ယနေ့ နံနက်တွင် လောင်းကိုင်ကျေးရွာ ဘုန်းကြီး ကျောင်းအနီးအနားဝန်းကျင်သို့ ရောက်ရှိလာကာ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းခတ်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ မနေ့ညကတည်းက နောင်တလာရွာမှာရောက်တာ ဒီမနက်ကတော့ တောင်ကြာအင်း ဆေးရုံ အနောက်ဘက် တောင်ခြေသွားတဲ့လမ်းကို သွားပတ်ပြီးမှ လောင်းကိုင်ရွာထဲကို ပြန်ရောက်တာ။ တက်လာရင်း ပစ်ရင်းလုပ်တယ်။ လက်နက်ကြီးလည်းတော်တော်များများ ရမ်းပစ်တယ်။ မနက်စကတည်းကပစ်တာ ညနေစောင်းရောက်ပြီး ပစ်တုန်းပဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးလက်နက်ငယ်များပါ ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် တောင်ကြာအင်း၊ နောင်တလာ၊ လောင်းကိုင် ဖားကျစသည့် ဒေသခံရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး တိမ်းရှောင်ခဲ့ကြသည့် ဒေသခံနေ အိမ်အချို့လည်း ရိုက်ဖျက်၊ ဖောက်ထွင်းခံရပြီး နေအိမ်ထဲရှိ ပစ္စည်းများလည်း မွှေနှောက်ခြင်း ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ နေ့လည် အချိန်တွင် လောင်းကိုင်ရွာနှင့် ကပ်လျက်ရှိသည့် တောင်ကြာအင်းကျေးရွာ ဘက်တွင်လည်း စစ်ကောင်စီအင်အား အမြောက်အများ ထပ်မံ ရောက်ရှိလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ်မှ လောင်းကိုင်ကျေးရွာထဲကို ဝင်ရောက်စစ်ကြောင်းထိုးမလုပ်ခင် ရက်များတွင်လည်း လောင်းကိုင်၊ ဖားကျနှင့် သမိန်ဒွတ်ရွာအနီးတွင် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှု များလုပ်ဆောင်ခဲ့သေးသည်။

လက်ရှိစစ်ကောင်စီ စစ်ကြောင်းထိုးလာသည့် နေရာတွင် မြဝတီ-ကြာအင်းဆိပ်ကြီး- မုဒုံလမ်း မကြီးပေါ်တွင် ဖြစ်ပြီး လက်ရှိ ခရီးသွားလာမှုများလည်း ပြတ်တောက်သွားသည်ဟု သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...