ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် တိုက်ပွဲဖြစ်၊ အရပ်သားများ ထိခိုက်မှုရှိနေ

ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် တိုက်ပွဲဖြစ်၊ အရပ်သားများ ထိခိုက်မှုရှိနေ
တောင်ကလေးရွာအဝင် ဆိုင်းဘုတ်
တောင်ကလေးရွာအဝင် ဆိုင်းဘုတ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာအုပ်စု တောင်ကလေးရွာရှိ ရဲစခန်းကို ယနေ့ နံနက်ပိုင်းအချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲတို့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်များမှ လာရောက်ဗုံးကြဲမှုများ ရှိခဲ့သည်ဟု ဒေသခံပြည်သူများမှ ပြောပြသည်။

မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်တွင် တည်ရှိနေသည့် အဆိုပါ ရဲစခန်းဟာ စစ်ကောင်စီတပ်၏ ခမရ-၂၀၈ တပ်ရင်းက ဝင်ရောက်နေရာယူထားတာဖြစ်ပြီး တိုက်ပွဲကြောင့် အရပ်သား ၃ ဦးထက်မနည်း ထိခိုက်မှုများရှိသည်ဟု ကနဦးသတင်းအရ သိရသည်။

"တောင်ကလေး ရဲစခန်းကို သူတို့ (KNLA,PDF) က ဝင်ပစ်တာ၊ တိုက်ပွဲက ဒီမနက် (၄) နာရီလောက် ကတည်းက စဖြစ်တယ်၊ ရွာသားတွေ အကုန်လုံး အိမ်ပြင် မထွက်ရဲကြဘူး၊ အိမ်ထဲမှာပဲ ပုန်း နေကြတယ်။ တိုက်ပွဲကြောင့် လောလောဆယ် ရွာသား (၃) ဦး သေနတ်ထိမှန်တယ်လို့ သိထားတယ်၊ ကယ်ဆယ်ရေးသမားတွေ သွားလို့ မရသေးဘူး၊ အသေးစိတ်တော့ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် တောင်ကလေးကျေးရွာအနီးတဝိုက်ရှိ သရက်ကုန်း၊ ကြံတော၊ မီးသွေးကုန်၊ လှကဇိုင်း၊ ပေါလောစသည့် ကျေးရွာတို့မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရသည်။

ထို့အပြင် စစ်ကောင်စီးတပ်၏ လေကြောင်းပစ်ခတ်မှုအပါအဝင် မုဒုံမြို့ နှင့် မုဒုံမြို့ တောင်ပိုင်း အဘစ်ကျေးရွာတွင် အခြေစိုက်သည့် အဘစ်ကျေးရွာခြေစိုက် မြန်မာစစ်တပ်မှ အဆိုပါ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ ထိမှန်ပျက်စီးမှုများရှိကြောင်း ဒေသခံများမှ ပြောသည်။

အဲဒီရွာတွေဘက်ကို မုဒုံအမြှောက်တပ်ရင်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ တစ်လုံးပြီးတစ်လုံး လှမ်းပစ်နေတာ ကျနော်တို့မြင်နေရတယ်၊ ထိခိုက်မှုတော့ တော်တော်များမယ် ထင်တယ်"ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေတွင် တိုက်ပွဲကြောင့် မုဒုံ-ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ ခလယ်တံခွန်ဒိုင်းလမ်းမများ ခရီးသွားလာမှုပြတ်တောက်လျှက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ဝင်ရောက် တိုက်ခိုက်ပြီး ရဲ ၃ ဦး သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်များပါ သိမ်းဆည်းရမိသည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

Photo Caption - တောင်ကလေးရွာအဝင် ဆိုင်းဘုတ်

April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...
ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း
April 22, 2026
ပုပ္ဖဟံသာ ပညာရေးဖောင်ဒေးရှင်းမှ အဆင့်မြင့်ပညာရေးအတွက် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသော...
April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...
April 20, 2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် -...