တောင်ကလေးရွာတွင် စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲချသည့်အတွက် ဒေသခံ ၂,၀၀၀ နီးပါးတိမ်းရှောင်နေရ

တောင်ကလေးရွာတွင် စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲချသည့်အတွက် ဒေသခံ ၂,၀၀၀ နီးပါးတိမ်းရှောင်နေရ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် ယနေ့နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ဒေသခံလူထု ၂,၀၀၀ နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

တောင်ကလေးကျေးရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို ယနေ့နံနက် ၅ နာရီအချိန်တွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေပြီး အဘစ်ကျေးရွာ အမြောက်တပ်ရင်း မှ ၁၂ဝ မမ လက်နက်ကြီး များဖြင့် ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်ခဲ့သလို အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှလည်း စစ်သုံးရဟတ်ယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်လာသည့်အတွက် တောင်ကလေးရွာ အနီးတစ်ဝိုက် ဒေသခံလူထုများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု စစ်ရှောင်များက ပြောသည်။

“ မနက် ၅ နာရီအချိန် တိုက်ပွဲစဖြစ်ပြီး ၆ နာရီကျော်လောက်မှာ လေယာဉ်နှစ်စင်းနဲ့ ရွာထဲကို ဗုံးလာကြဲတယ်။ အခြားနေရာကနေလည်း လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည် လှမ်းပစ်နေတော့ ရွာသားတွေအကုန်ပြေးရတယ်။ အခုဒုတိယအကြိမ် လေယာဉ် ထပ်လာပြီး လျှောက်ပစ်နေဆဲပဲ” ဟု တောင်ကလေးရွာမှ အမည်မဖော်လိုသူ စစ်ရှောင်ရွာ သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်သုံးရဟတ်ယာဉ် ၂ စင်းဖြင့် ကျေးရွာအတွင်းသို့ အကြိမ် ၂ဝ ထက်မနည်း လာရောက်ဗုံးကြဲပစ်ခတ်နေပြီး လူနေအိမ်များ ထိမှန်ပျက်စီးမှုရှိနေသလို ကျေးရွာလမ်းမလယ်တွင် မှောက်လျက်လဲကျနေသည့် ရွာသားတစ်ဦး၏ ရုပ်အ လောင်းလည်း မြင်တွေ့နေရသည်ဟု ၎င်းဒေသခံရွာသားက ဆက်ပြောသည်။

ထို့အပြင် အဘစ်ကျေးရွာ အမြောက်တပ်ရင်းနှင့် နယ်ခြားစောင့်တပ် (BGF)များ လှုပ်ရှားနေသည့် ကျေးရွာများဘက်သို့လည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေမှုရှိသည်ဟု ရွာသားများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ယနေ့နံနက် ၆ နာရီနှင့် ၉ နာရီအချိန်တွင် စစ်သုံးရ ဟတ်ယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲ ပစ်ခတ်ခဲ့ပြီးနောက် စစ်သုံးဂျက်ဖိုက်တာ လေယာဉ်ဖြင့် ထပ်မံ၍ ယခု နံနက် ၁ဝ နာရီကျော်အချိန်အထိ ကျေးရွာအတွင်း လှည့်လည် ဝဲပျံနေလျက်ရှိသည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီး-မုဒုံ၊ ချောင်းနှစ်ခွ၊ ကျိုက်မရောက် လမ်းမလည်း ခရီးသွားလာမှု ပြတ်တောက်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...