တိုက်ပွဲပဋိပက္ခအတွင်း မင်းတပ်မြို့နယ်က ကလေးတွေဘယ်လိုသေဆုံးနေရလဲ

တိုက်ပွဲပဋိပက္ခအတွင်း မင်းတပ်မြို့နယ်က ကလေးတွေဘယ်လိုသေဆုံးနေရလဲ

လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိုစောင့်ကြည့်ဖော်ထုတ်နေတဲ့အဖွဲ့ဖြစ်တဲ့ Myanmar witness က အောက်တိုဘာလအတွင်းမှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲပဋိပက္ခအကြား ကလေးသူငယ်တွေ သေဆုံးနေမှုနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ခဲ့ပါတယ်။

အစီရင်ခံစာမှာ အဓိကတော့ မင်းတပ်မြို့နယ်အတွင်းက မဒပ်ကျေးရွာ၊ ကြာအိမ်နူးကျေးရွာနဲ့ မွီတွီကျေးရွာတွေမှာ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးဘယ်နှစ်ဦးသေဆုံးမှုကိုတော့ ၎င်းတို့ အတည်ပြုတာ အစီရင်ခံစာမှာမပါရှိပါဘူး။

အဲဒီဖြစ်စဉ်များကတော့ ၂၀၂၂ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို အစီအရင်ခံတာဖြစ်ပြီး အဓိကကျူးလွန်သူတဲ့ စစ်ကောင်စီတပ်ရင်းကတော့ မင်းတပ်မြို့ပေါ်အခြေစိုက် အမှတ် (၂၇၄) ခြေမြန် တပ်ရင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Myanmar witness ရဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မဒပ်ကျေးရွာမှာ သေဆုံးသွားတဲ့ ကလေးငယ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ သေဆုံး၊ ဒဏ်ရာရကလေးငယ်တွေရဲ့ ဓာတ်ပုံကိုလက်ခံရရှိပြီး စိစစ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါမဒပ်ရွာက ကလေးငယ်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး နေအိမ် ပျက်စီးမှုနဲ့ လက်နက်အသုံးပြုမှုကို စိစစ်ရာမှာ ၁၂၀ မမ အမြောက်ကျည်များရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

Myanmar witness ရဲ့ သတင်းပို့ကြားချက်လက်ခံရရှိမှုတွေမှာ မေလနဲ့ ဇွန်လအတွင်း မဒပ်ကျေးရွာမှာ ညီအစ်ကိုသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ ဇွန်လအတွင်း ကြာအိမ်နူးကျေးရွာရှိ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ အကြောင်းတွေလည်း ပါဝင်တယ်။ အဲဒီနေရာတွေဟာ ခမရ ၂၇၄ တပ်ရင်းစစ်စခန်းရဲ့ ပစ်ခတ်မှု အကွာအဝေးဟာ ၇ သို့မဟုတ် ၈ ကီလိုမီတာအကွာအဝေးမှာရှိနေတာဖြစ်ပါတယ်။

ချင်းတွင်းသတင်းအေဂျင်စီမှာလည်း မဒပ်ကျေးရွာကို ခမရ ၂၇၄ရဲ့ အမြောက်ကျည်များ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးသေဆုံးကြောင်း ဖော်ပြထားပါတယ်။

မင်းတပ်မြို့နယ်မှာဖြစ်ပွားတဲ့ ဖြစ်ရပ်များနဲ့ပတ်သက်ပြီး Myanmar witness ရဲ့ စောင့်ကြည့် လေ့လာမှုတွေရဲ့ အချို့ဖြစ်ပြီး အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ အရပ်သားနေထိုင်ရာဒေသများကို တိုက်ခိုက်ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုအထိ ဖြစ်ပွားတဲ့အခြေအနေတွေကို မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။

မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း မဒပ်ကျေးရွာမှာ အမျိုးသမီးတစ်ဦးအပါအဝင် ကလေးတစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တမ်းနဲ့ ပတ်သက်ပြီး Myanmar witness အနေနဲ့ ဒစ်ဂျစ်ဒယ်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်ကို လိုက်ပြီး တင်းကြပ်မှု၊ ပုံတူပွားအတုယူနိုင်တဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းစနစ်တွေကို အသုံးပြုထားတယ်လို့ ဆိုထားပါတယ်။

ပထမအချက်အနေနဲ့ ရုပ်သံမှတ်တမ်းတွေကို အတည်ပြုတာ၊ ဒုတိယတစ်ခုအနေနဲ့ အခင်းဖြစ်ပွားတဲ့ အချိန်နဲ့ ရက်စွဲတွေနဲ့အတည်ပြုတာ၊ အခြားမှတ်တမ်းတွေနဲ့ ဆက်စပ်တာ၊ အတည်မပြုနိုင်သေးတဲ့ မှတ်တမ်းတွေနဲ့ အစီရင်ခံတာမျိုးကို စိစစ်တယ်လို့ Myanmar witness ကဖော်ပြထားပါတယ်။

တည်နေရာကို ရှာဖွေခြင်း (Geolocation) ကို လုပ်ဆောင်ရာမှာလည်း Open-source အွန်လိုင်း ကိရိယာများဖြစ်သော Google Earth ကဲ့သို့ ဆော့ဝဲလ်များကို အသုံးပြုပြီး လုပ်ဆောင်ခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်းတွင်တွေ့ရှိရသော အရာများကို ဂြိုလ်တုဓာတ်ပုံနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်ပါတယ်။

ဇွန်လအတွင်းမှာ မွီတွီကျေးရွာမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို CDF – Mindat ရဲ့သတင်းပေးပို့မှုအရ လက်ခံရရှိကြောင်း၊ သေဆုံးသူများမှာ အသက် ၆၀ နှစ်အထက်အရွယ် သက်ကြီးရွယ်အို နှစ်ဦးနဲ့ လယ်ကွင်းမှာအလုပ်လုပ်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးပါဝင်တယ်လို့ Myanmar witness အစီရင်ခံစာမှာပါရှိပါတယ်။

အဆိုပါ အချက်အလက်နဲ့ပတ်သက်ပြီး The Mindat Post ရဲ့သတင်းပေးပို့ချက်နဲ့ ဆက်စပ် စစ်ဆေးရာမှာ ဒဏ်ရာများနဲ့အတူ ကိုက်ညီမှုရှိကြောင်းတွေ့ရှိရပေမယ့် အတည်ပြုနိုင်တဲ့ သက်သေမရှိတဲ့အကြောင်း Myanmar witness ကဖော်ပြပါတယ်။

မိုးရာသီကုန်ပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့ အခုနောက်ပိုင်း စစ်ကောင်စီ တပ်အနေနဲ့ ဒေသကာကွယ်ရေးတပ်ရှိတဲ့နေရာတွေကို စစ်လေယာဉ်သုံးပြီး တိုက်ခိုက်မှုပိုများပြားလာပါတယ်။ ဒါကြောင့် စစ်ရှောင်တွေ တစ်ရက်တည်းနဲ့တင် လူဦးရေ ထောင်ကဏန်းနဲ့တိုးလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သူတို့ရဲ့လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းဖက်မှာ စစ်လေယာဉ် အသုံးပြုပြီးတိုက်ခိုက်မှု ပြင်းထန်နေပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ခုခံကာကွယ်မှုတွေ လုပ်နေပေမယ့် ကျေးရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိပါတယ်။

မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီးနဲ့တိုက်ခိုက်မှုကြောင့် ကျေးရွာတွေမှာ ကလေးငယ်များ သေဆုံးမှုဖြစ်ပွါးခဲ့ပြီး Myanmar witness ကတော့ ရရှိတဲ့ အချက်အလက်များအပေါ် အတည်ပြုပြီး ၁၂၀ မမ အမြောက်ကျည်ဖြစ်တဲ့ လက်နက်ကြီးတွေ အသုံးပြုထားကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သူတို့ရဲ့အစီရင်ခံစားမှာဖော်ပြထားပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...