လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မောင်တော ဂြစ်ချောင်းကျေးရွာမှ ခုနှစ်တန်းကျောင်းသားတစ်ဦးထပ်မံသေဆုံး

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မောင်တော ဂြစ်ချောင်းကျေးရွာမှ ခုနှစ်တန်းကျောင်းသားတစ်ဦးထပ်မံသေဆုံး

မောင်တောမြို့နယ် ဂြစ်ချောင်းမြိုကျေးရွာမှ  လက်ကြီးကျည်ထိမှန်ခဲ့သည့် ဒဏ်ရာရသူများအထဲက နောက်ထပ် ခုနှစ်ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သဖြင့် ယနေ့ထိ သေဆုံးသူ (၁၂) ဦးရှိသွားပြီးကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ခုနှစ်တန်းကျောင်းသား မောင်ငွေပိုင် (၁၆)နှစ်ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၈ ရက် ညည့်တစ်နာရီခွဲခန့်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း ၎င်းအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

"ညည့်တစ်နာရီခွဲမှာ သေဆုံးသွားပါတယ်။ သူကခန္ဓာတစ်ခုလုံး ဒဏ်ရာရထားတာပါ။ မနေ့က ဒီကိုလာတုန်းကလည်း သတိတောင်မရပါဘူး။ အစ်ကို လူနာစောင့်နဲ့ အတူ  မနေ့က တစ်နာရီခွဲလောက်က စစ်တွေဆေးရုံကို ရောက်ပါတယ်။ ဒီနေ့ မနက် အစောကြီးဆုံးသွားပါပြီ" ဟုပြောသည်။

သူ့အား ယနေ့တွင် စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုဿန်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် မြိုလူမျိုးများနေထိုင်သည့် ဂြစ်ချောင်းကျေးရွာသို့ အနီးအနားရှိ ကြိမ်ချောင်း နယ်ခြားစောင့်တပ် နခခ(၇) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်၍ ဒဏ်ရာရခဲ့သည့် လူဦးရေ ၂၀ ကျော်အထဲက ခုနှစ်တန်းကျောင်းသားတစ်ဦးဖြစ်သူ မောင်ငွေပိုင် ထပ်မံ သေဆုံးသွားခဲ့ပြီး နောက်ထပ် ခုနှစ်တန်းကျောင်းသား မောင်အီးယောင် (၁၅)နှစ်သည်လည်း စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီ စိုးရိမ်ရသည်ဟု သိရသည်။  

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်၊ စစ်ကောင်စီတပ် ကြိမ်ချောင်း နခခ (၇)မှ လက်နက်ကြီး ဖြင့် ဂြစ်ချောင်းမြိုရွာထဲသို့ ပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက်ကလေးငယ် သုံးဦးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးသွားခဲ့ပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများသည် မောင်တောမြို့ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး မောင်တောကြိမ်ချောင်းဗျူဟာမှ တာဝန်ရှိသူများသည် ဂြစ်ချောင်းရွာသားများနှင့် ယမန်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါပစ်ခတ်မှု ၎င်းတို့လက်ချက်မဟုတ်ဘဲ AAမှ ပစ်ခတ်မှုဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာ ရသူများကိုလည်း ဆန်နှင့်ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သို့သော်လည်း ဒေသခံပြည်သူများအနေဖြင့် ၎င်းလက်နက်ကြီးကျည်မှာ ကြိမ်ချောင်း နခခ(၇) က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တစ်ညီတစ်ညွှတ်တည်းပြောဆိုကြပြီး စစ်ကောင်စီတပ်၏ ပြောဆိုမှုအပေါ် မယုံကြည်ကြဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...