မစ္စတာရှောင်တာနယ်ကို ဩစကြေးလျားသို့ပြည်နှင်ဒဏ်ပေး

မစ္စတာရှောင်တာနယ်ကို ဩစကြေးလျားသို့ပြည်နှင်ဒဏ်ပေး

အင်းစိန်အကျဉ်းထောင်မှ ယနေ့ညနေပိုင်းကလွှတ်ပေးပြီးနောက် လေဆိပ်ကိုတိုက်ရိုက်ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးခံရသူ ဩစတြေးလျားနိုင်ငံသား ပါမောက္ခ မစ္စတာရှောင်တာနယ်ပါဝင်သောဓာတ်ပုံကို ဩစတြေးလျားနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်းက သူ၏တွစ်တာအကောင့်တွင် မျှဝေထားသည်ကို တွေ့ရသည်။

ဆစ်ဒနီရှိ မက်ကောရီတက္ကသိုလ်မှ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်သည် သူ့မိသားစုထံအပြန်လမ်းမှာရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ဩစတြေးလျားသံရုံးအကြီးအကဲနှင့်တကွ သူလွတ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ဝန်ကြီးပန်နီဝမ်းက ရေးသားထားသည်။

ဓာတ်ပုံထဲတွင် မစ္စတာရှောင်တာနယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျားသံရုံးအကြီးအကဲ အဲန်ဂျလာ ကော်ကိုရန် ကိုလည်းတွေ့ရသည်။

မစ္စတာရှောင်တာနယ်ကို စစ်တပ်ကအာဏာသိမ်းပြီးတစ်ပတ်မပြည့်မီ ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူ့တွင်လျို့ဝှက်စာရွက်စာတမ်းများလက်ဝယ်တွေ့ရှိသည်ဟုစွပ်စွဲကာ မြန်မာနိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။ စာရွက်စာတမ်းများသည် အထူးကန့်သတ်ထားသောလျို့ဝှက်မဟုတ်ဘဲ အစိုးရအတွက်အထောက်အပံ့ပေးသော သူ၏စီးပွားရေးအကြံပြုချက်များသာဖြစ်သည်ဟု မစ္စတာရှောင်တာနယ်က စွဲဆိုချက်ကို ငြင်းဆန်ခဲ့သည်။ တံခါးပိတ်ကျင်းပသော တရားရုံးတွင် အပြစ်မရှိကြောင်း မစ္စတာရှောင်တာနယ်က ထွက်ဆိုခဲ့ပြီး စက်တင်ဘာလအတွင်းက သုံးနှစ်ထောင်ချခံခဲ့ရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...