ဟားခါးမြို့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၁၄ နှစ်အရွယ်ကလေးတစ်ယောက်သေဆုံး၊ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ဟားခါးမြို့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၁၄ နှစ်အရွယ်ကလေးတစ်ယောက်သေဆုံး၊ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ မိုးဟိန်းရေသန့်ဖြန့်ချီရေးကုမ္ပဏီဝန်းမှာ နိုဝင်ဘာ ‌၁၅ ရက်မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီ စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ်၊ ၁၄ နှစ်သာရှိသေးတဲ့ ယောကျာ်းလေး တစ်ယောက် သေဆုံးပြီး သူ့အကိုရင်းဖြစ်သူတစ်ယောက်အပါအဝင် နှစ်ယောက် အပြင်းအထန်ဒဏ်ရာရရှိပါတယ်လို့ ဟားခါးဒေသခံတွေ ပြောကြားချက်အရသိရပါတယ်။

"သူတို့က ဟားခါးမိုးဟိန်းရေသန့်ဖြန့်ဝေရေးမှာ အလုပ်လုပ်ကြတယ်လို့ သိရတယ်၊ မနေ့ညနေကပေါ့ သူတို့က အပြင်မှာ မီးဖိုလုပ်ပြီးတော့ မီးလှုံကြတယ်လို့ သိရတယ်၊ အဲ့ချိန်မှာပေါ့ စစ်ကောင်စီစစ်တပ်ဘက်က လက်နက်ကြီးနဲ့ အပစ်ခံရလို့ ခံရတဲ့သူ သုံးဦးရှိပါတယ်။

အဲ့သုံးယောက်ထဲမှာမှ ၁၅ နှစ်လောက်သာရှိတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ဦးဟာ သေဆုံးပြီးတော့ သူ့ရဲ့အကိုရင်းတစ်ယောက်အပါအဝင် နှစ်ယောက်ဒဏ်ရပါတယ်၊ခုလေးတင် သေဆုံးသူအလောင်းလည်း ပြည်သူ့ဆေးရုံကနေ နေအိမ်ပြန်ရောက်ပါပြီလို့" ဟားခါးဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ လက်နက်ကြီး‌ပစ်ခတ်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတဲ့ သုံးယောက်လုံးဟာ မိုးဟိန်းရေသန့်ဖြန့်ချီရေးကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

သေဆုံးသူ ကောင်လေးရဲ့ ရုပ်အလောင်းကိုလည်း ဒီနေ့ နေ့လည်မွန်းတည့်ချိန် ၁၂ နာရီလောက်မှာ ဟားခါးပြည်သူ့ဆေးရုံကနေ နေအိမ်မှာ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် အပြင်းအထန်ဒဏ်ရာရရှိတဲ့ ကျန်နှစ်ယောက်ကိုလည်း ဟားခါးပြည်သူ့ဆေးရုံကြီးမှာပဲ ဆက်လက်ကုသမှု ခံယူဆဲဖြစ်တယ်လို့ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...