မန္တလေးမြို့အ၀င်ဂိတ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်းသေဟုဆို

မန္တလေးမြို့အ၀င်ဂိတ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်းသေဟုဆို
ဗုံးပစ်ခံရသည့် စစ်ကောင်စီ၏မြို့အဝင်ဂိတ်အားတွေ့ရစဥ်  စာတည်း -သန့်ဇော်(သန်လျင်)
ဗုံးပစ်ခံရသည့် စစ်ကောင်စီ၏မြို့အဝင်ဂိတ်အားတွေ့ရစဥ် စာတည်း -သန့်ဇော်(သန်လျင်)

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညက မန္တလေးမြို့မြောက်ဘက်အ၀င်ဂိတ် ဗုံးပစ်တိုက်ခိုက်ခံံရမှုတွင်၊ စစ်ကောင်စီစစ်သားနှင့်ရဲ သုံးယောက်ထက်မနည်း သေကြေဒဏ်ရာရမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ဟုတ်တယ်၊ ရဲ တစ်၊ စစ်သား နှစ် ထိတယ်၊ သေမသေတော့အတည်ပြုမရဘူး” ဟု၊ နယ်မြေခံရဲတပ်ဖွဲ့ အသိုက်အ၀န်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့မြောက်ဘက်အထွက်၊ မန္တလေး-မတ္တရာကားလမ်းပေါ် စစ်ကောင်စီ၏မြို့အ၀င်ဂိတ် (ရွှေကျင်တိုး ဂိတ်အနီး)ရှိ အစောင့်စစ်သားနှင့်ရဲများအား ယမန်နေ့ နို၀င်ဘာ ၁၃ ရက် ည ၇ နာရီ၀န်းကျင်ခန့်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ - ပုသိမ်ကြီး)နှင့်၊ G-6 Stars မြို့ပြပြောက်ကျား တပ်ဖွဲ့ညီနောင်များ၊ BRA+MRTF မဟာမိတ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ညီနောင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပကဖ - ပုသိမ်ကြီးက သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် “79 နှစ်လုံးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်၊ လှုပ်ရှားမှုအပြီးတွင် ဂိတ်မှာတောင်းရမ်း နေသော စခ(စကစတပ်သား)၊ ရခ(ရဲ) ၃၀ ၀န်းကျင်အနက် သုံးကောင်ငရဲလား၍၊ အများအပြားထိခိုက်ဒဏ်ရာရ သွားကြသည်” ဟု ဖော်ပြထားပြီး၊ ၎င်းတို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။

ပုံစာ - ဗုံးပစ်ခံရသည့် စစ်ကောင်စီ၏မြို့အဝင်ဂိတ်အားတွေ့ရစဥ်

စာတည်း -သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...