ရေဦးမြို့ ဆီသာမြေကျေးရွာနှင့် ကျေးရွာပေါင်း ၁၁ ရွာကို စစ်ကောင်စီမှ ရဟက်ယာဉ်ဖြင့်ပစ်ခတ် ဒေသခံ ၃ ဦးသေဆုံး

ရေဦးမြို့ ဆီသာမြေကျေးရွာနှင့် ကျေးရွာပေါင်း ၁၁ ရွာကို စစ်ကောင်စီမှ ရဟက်ယာဉ်ဖြင့်ပစ်ခတ် ဒေသခံ ၃ ဦးသေဆုံး

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆီသာမြေကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၁ ရွာကို နိုဝင်ဘာလ ၁၁ရက်နေ့ နံနက်၁၀နာရီခန့်က တိုက်ခိုက်ရေး ရဟက်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

စစ်ကောင်စီမှ Mi-35 ရဟက်ယာဉ်လေးစီး ၊ ထောက်ပို့ရဟက်ယာဉ် နှစ်စီးတို့ဖြင့် ဆီသာမြေ ကျေးရွာအပါအဝင် ရွာပေါင်း ၁၁ ရွာကိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၈၀၀ဝန်းကျင်ခန့်သည် စစ်ဘေးရှောင်စခန်းတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

"အဲ့ဒီမှာ ကာကွယ်ရေးအဖွဲ့တစ်ခုက အစည်းအဝေးလုပ်မယ်လို့ကြားတာပေါ့။ ရဟတ် ယာဉ်နဲ့ပစ်ပြီးမှ ကြားတာ။ ဒါကြောင့် ပစ်ပြီး လေယာဉ်ပေါ်ကနေ လူချပြီးတာနဲ့ရွာထဲကို ဝင်စီးတော့ တာပဲ"ဟုရေဦးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီသည် ကျေးရွာပေါင်း ၁၁ ရွာကို ရဟက်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်ချ ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆီသာမြေကျေးရွာမှ တစ်ဆင့်ပန်းကုန်းရွာသို့ စစ်ကြောင်းထိုးခဲ့ပြီး ထိုမှတဆင့် အင်တောရွာ၊ ပုန်းနဂါးရွာများသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်၍ ပန်းကုန်း ကျေးရွာတွင် ပြန်လည်တပ်စွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေဦး-တန့်ဆည် လမ်းမဘေးရှိ ဆိုင်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...