ပုဏ္ဏားကျွန်းတွင် ၃ ရက်ကြာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၆ ဦး လွတ်မြောက်လာ

ပုဏ္ဏားကျွန်းတွင် ၃ ရက်ကြာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၆ ဦး လွတ်မြောက်လာ
နတ်ဆိပ်ရွာမှ မောင်မျိုးလင်း၊ မောင်ရဲလင်းထွန်းနှင့် မောင်အောင်ကျော်ဌေးတို့အား တွေ့ရစဥ်။
နတ်ဆိပ်ရွာမှ မောင်မျိုးလင်း၊ မောင်ရဲလင်းထွန်းနှင့် မောင်အောင်ကျော်ဌေးတို့အား တွေ့ရစဥ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၆ ဦးသည် ယနေ့တွင် လွတ်မြောက်လာပြီဟု သိရသည်။

သူတို့သည် ယနေ့ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှတဆင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဘာအပြစ်မှမရှိတဲ့အတွက် သူတို့အားလုံး လွတ်လာတာပါ။ အဲဒီနေ့ကလည်း သူတို့က ဘာမှမလုပ်ဘဲ အရက်သောက်နေကြတာပါ"ဟု ပြောသည်။

လွတ်မြောက်လာသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ရွာမှ ပန်းထိမ်လုပ်ကိုင်သူ မောင်မျိုးလင်း (၂၄ နှစ်)၊ ပန်းထိမ်လုပ်ကိုင်သူ မောင်ရဲလင်းထွန်း(ခ)ရဲလင်း (၂၅ နှစ်)၊ ကားဝပ်ရှော့ခ်လုပ်ကိုင်သူ မောင်အောင်ကျော်ဌေး (၂၃ နှစ်)၊ ပုဏ္ဏားကျွန်းမြို့ထဲမှ ဝရိန်လုပ်ဆော်သူ မောင်အောင်မျိုးသန်း (၂၃ နှစ်)၊ ပုဏ္ဏားကျွန်းမြို့ အောင်ဗိမ္မာန်ကျောင်းတိုက်မှ ကျောင်းဒကာ ကျောက်ချေ(ခ) ဦးသိန်းဟန်(၂၉ နှစ်)နှင့် ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ မောင်စိုးဝင်း (၂၇ နှစ်)တို့ဖြစ်သည်ဟု သိရသည်။

သူတို့ ၆ ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ည ၉ နာရီခွဲခန့်တွင် အလုပ်မှအပြန် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ ဦးရာဇ်မင်္ဂလာကြိုးတံတားအနီးရှိဆိုင်တစ်ဆိုင်၌ အရက်ဝိုင်းဖွဲ့သောက်နေကြစဥ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...