ရန်ကုန်မြစ်အတွင်း၌ တွန်းသင်္ဘောမီးလောင်ကျွမ်းပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်မြစ်အတွင်း၌ တွန်းသင်္ဘောမီးလောင်ကျွမ်းပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ဒလမြို့နယ်၊ သမ္မတကမ်းခြေရှေ့ရှိ ရန်ကုန်မြစ်အတွင်း၌ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆီတင်တွဲများသယ်ဆောင်ပေးသည့် ဆင်ဟိုင်း(၆)တွန်းသင်္ဘော မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာ လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ဆင်ဟိုင်း(၆)တွန်းသင်္ဘော၊ အင်ဂျင်ခန်းလောင်နေတာ ငြိမ်းပြီလို့သိရပါတယ်”ဟု မီးသတ်အဖွဲ့ဝင်တစ်ဦး ကမဇ္ဈိမသို့ ဖြေကြားသည်။

ဆင်ဟိုင်း(၆) တွန်းသင်္ဘောမီးလောင်ကျွမ်းမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အပြင် တပ်မတော်(ရေ)မှ ရေယာဉ်သုံးစီးဖြင့်ပါ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးအထိရှိကြောင်း ပရဟိတသမားတစ်ဦး၏ပြောပြ ချက်အရ သိရသည်။

ဆင်ဟိုင်း (၆) တွန်းသင်္ဘောမီးလောင်ကျွမ်းမှုစဖြစ်ချိန်မှာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်တွင်ဖြစ်ပြီး ၃ နာရီ ၂၆ မိနစ်တွင် မီးထိန်းနိုင်ကာ ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...