ဗန်းမော်မြို့အတွင်း ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်နေဟုဆို

ဗန်းမော်မြို့အတွင်း ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်နေဟုဆို
ဓါတ်ပုံအဟောင်း အသုံးပြုထားပါသည်။
ဓါတ်ပုံအဟောင်း အသုံးပြုထားပါသည်။

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်အတွင်းမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က ကောင်းတဲ့ဆိုင်ကယ်တွေကို ရွေးယူပြီး လက်ကျန်ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၆) ရက်နေ့ မနက်ပိုင်းကနေစပြီး ဗန်းမော်မြို့တွင်းရော မြို့ပြင်မှာပါ စစ်ကောင်စီလက်အောက်ခံ စစ်သား ၊ ရဲ နဲ့ ယာဉ်ထိန်းရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လိုင်စင်အကြောင်းပြပြီး ပြည်သူတွေရဲ့ ကား နဲ့ ဆိုင်ကယ်တွေကို လိုက်လံ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကိုတော့ မီးရှို့ဖျက်ဆီးဖို့ လုပ်ဆောင်နေပြီး အဲဒီအထဲက ကောင်းတဲ့ဆိုင်ကယ်တွေကိုတော့ စစ်သားတွေက ရွေးယူသွားကြတာဖြစ်တယ်လို့ အခြေအနေကို သိရှိတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့က ကောင်းပေ့ဆိုတဲ့ဟာတွေကို အကုန်လုံးရွေးတယ်။ ရွေးပြီးတော့မှ စစ်တပ်က အကုန်သိမ်းသွားတယ်။ အဲဒီမှာကိုမှ ရွေးနေတဲ့ အချိန်ကို ဒါငါ့ဟာ ဒါငါ့ဟာဆိုပြီးတော့ လုပြီးတောင် ရန်ဖြစ်ကြသေးတယ် စစ်တပ်က။ မကောင်းတဲ့ဟာတွေကို မီးရှို့လိုက်တော့ ဆိုပြီးမှ အဲဒီလိုမျိုးပြောတယ်”လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

နိုဝင်ဘာလ (၆) ရက်နေ့ကတည်းက ဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေ အခုချိန်ထိ ပြန်ရတာမရှိသေးဘူးလို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီလိုမျိုးပြန်ရတာကတော့ ဝန်ထမ်းဆိုင်ကယ်ပဲ ရှိမယ်။ အရပ်သားဆိုင်ကယ်တော့ မရှိဘူး။ ကျနော်တို့ ရပ်ကွက်ထဲက ဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေကတော့ ပြန်မရကြဘူး။”

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကားတွေကိုတော့ နေပြည်တော်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရကြောင်းလည်း ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကိုတော့ ဖမ်းဆီးတာမရှိသလို ဖမ်းဆီးခံရပြီးရင်လည်း ဆိုင်ရာပိုင်ရာကနေ ပြန်လည်ရွေးယူလို့ ရနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...