ပလက်ဝမြို့နယ်တွင် တောင်ယာနှင့် သီးနှံစိုက်ခင်းများတွင် ကြွက်ဘေးဒဏ်ခံနေရ

ပလက်ဝမြို့နယ်တွင် တောင်ယာနှင့် သီးနှံစိုက်ခင်းများတွင် ကြွက်ဘေးဒဏ်ခံနေရ

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ရွာပေါင်း ၈၀ ခန့်က တောင်ယာစပါးခင်းနှင့် နှမ်းခင်းတို့တွင် ကြွက်များ ဝင်ရောက် စားသောက်ဖျက်ဆီး နေကြကြောင်းးသိရသည်။

''ပလက်ဝမှာ အခြားစိန်ခေါ်မှုတွေညအများကြီးရှိပေမယ့် စားဝတ်နေရေးနဲ့ပတ်သက်ပြီး ကြွက်ကျတဲ့အပေါ်မှာ ထိခိုက်မှုတွေအများကြီးရှိတယ်။ အခုကြွက်ကျတဲ့ရွာပေါင်းက ၈၀နီးပါးရှိနေပေမယ့် အများစုက စစ်ဘေးရှောင်နေကြတယ်။တချို့ဆိုရင်မြို့ပေါ်မှာစစ်ရှောင်နေတယ်။ အခုလိုကြွက်မကျခင်တည်းက ပလက်ဝမှာက ဆန်ကလည်းဝယ်စရာ မရှိဘူး။ စပါးကလည်းဝယ်စရာမရှိတော့ဘူး"ဟု ဒေသခံက ပြောသည်။

ပလက်ဝမြို့နယ်ရှိ ပြည်သူများမှာ တောင်ယာစပါးကို အဓိက မှီခို‌ကြရခြင်းဖြစ်သည်။

သြဂုတ်လနောက်ပိုင်း တောင်ယာစပါးများ ရင့်မှည့်ချိန်ဖြစ်သည်။ ထိုသို့စပါးများရင့်မှည့်အချိန်တွင် ကြွက်များ စပါးများအပြင် စပါးအပင်များ ကိုပါ ကိုက်ဖြတ်‌ နေခြင်းဖြစ်သည်။

ဆမီးဒေသရှိ ရှင်းလက်ဝ၊ မီးဇာ ဘက်များတွင် ထိုသို့ကြုံတွေ့နေရခြင်းဖြစ်သည်။ပလက်ဝ အရှေ့ပိုင်း၌ ရွာပေါင်း ၃၀နီးပါးနှင့် ပလက်ဝမြောက်ဘက်ခြမ်းတွင် ရွာပေါင်း ၄၀ကျော်ခန့် ကြွက်များကျရောက်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းအချို့ကို တင်ပြထား ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ၂၀၀၅ – ၂၀၀၆ ခုနှစ်က ပထမအကြိမ် ကြွက်များကျ‌ရောက်၍ စိုက်ခင်းများပျက်စီးသည့် ပြဿနာများနှင့်၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ကြွက်ဘေးဒဏ်အကြီးအကျယ်ရင်ဆိုင်ခဲ့ရပြီး ယခုအခါ ထပ်မံကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...